24 C
Yangon

ထိုင်း-မြန်မာနယ်စပ်တွင် ၇၃ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို ကျင်းပ

Must read

ထိုင်း-မြန်မာနယ်စပ်တွင် ၇၃ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို ကျင်းပ

ရန်ကုန်၊ ဩဂုတ် ၁၂

ယနေ့ သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သော ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ထိုင်း/မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ နှင့် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ( ဗဟို )မှ ခေါင်းဆောင်တချို့တို့ ကြီးမှူး၍ ထိုင်း-မြန်မာနယ်စပ် တစ်နေရာ၌ ကျင်းပြုလုပ်ကြကြောင်း သိရှိရသည်။

အခမ်းအနားကို ဒေသ စံတော်ချိန် နံနက် ၈း၀၀ နာရီအချိန်တွင် စတင်၍ အခမ်းအနားမှူးအဖြစ် ပဒို စောဂျစ်ပစီမှ ပြုလုပ်ခဲ့ကြောင်း၊ ဗိုလ် စောဖိုးစေးမှ ဦးဆောင်ကာ ကရင်အမျိုးသားအလံတော်ကို အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ကရင့်အာဇာနည် ခေါင်းဆောင်းများ ရဲဘော်ရဲဘက်များ နှင့် ပြည်သူလူထုများကို အလေးပြုခြင်းဖြင့်စတင်၍

ဆရာတော် စောဝါးမောင်မှ အဖွင့် ဆုတောင်းပြီး အခမ်းအနား သဘာပတိ ပဒို စောဆူးခက်မှ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

‌ထို့နောက် ၇၃ နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့သို့ ပေးပို့သော ကေအဲန်ယူ – ကရင်အမျိုးသားအစည် းအရုံး ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်း၏ သဝဏ်လွှာကို ဆရာ စောဘိုဟန်မှ ဖတ်ကြားပြီး ပဒို စောကလယ်စေး ( KNU – ဗဟို ကော်မတီဝင်၊ KNU – ပြောရေးဆိုခွင့်ရှိသူ၊ KNU – လမ်းပန်းဆက်သွယ်ရေးဌာနမှူး)၊ ပဒို စောအယ်ထူး ( ကေအဲန်ယူ – ဗဟို ကော်မတီဝင် ) ၊ ဆရာတော် စောအာဗြာဟံ ( ဘာသာရေးခေါင်းဆောင်) နှင့် ဗိုလ်ကြီး စောယိုဝါး စသည့် ခေါင်းဆောင် အသီးသီးတို့မှ လမ်းညွှန် တိုက်တွန်း အားပေးစကားများ အသီးသီး ပြောကြားကြသည်။

၇၃ နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့သို့ ပေးပို့လာသော ကရင်အမျိုးသမီး အစည်းရုံး၏ သဝဏ်လွှာကို ဆရာမ နော်ကိုလိုဝါးမှ လည်းကောင်း ကရင်လူငယ်အစည်းအရုံး၏ သဝဏ်လွှာကို ဆရာ စောသေးဒို ကလည်း ကောင်း အသီးသီး ဖတ်ကြားသည်။

ထို့နောက် ဆရာတော် စော ရေးဂျယ်မှ ကျေးဇူးတင်စကားနှင့် အသိပေး ကြေညာစရာများကို ပြောကြားပြီး သဘာပတိ ပဒို စောဆူးခက်မှ အပိတ်အမှာစကားပြောကြားကာ ကရင်အမျိုးသားသီချင်းကို သီဆိုပြီး ဆရာတော် စောဆာတူဂေါ်က ကောင်းချီးပေးအဆုံးသတ် ဆုတောင်း၍ အခမ်းအနား အစီအစဉ် ကို ရုပ်သိမ်းကြောင်း သိရှိရသည်။

အခမ်းအနား အစီအစဉ်တွင် ကရင်လူငယ်များ၊ ကျောင်းသူကျောင်းသားများနှင့် ကရင်အနုပညာရှင် အဆိုရှင်များမှလည်း ဂုဏ်ပြုတေးသီချင်းများ သီဆိုခဲ့ကြပြီး လူဦးရေစုစုပေါင်း ၃၀၀ ကျော်ခန့် ၇၃ နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနား ကို တက်ရောက်ဂုဏ်ပြုကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article