31 C
Yangon

ဝက်လက်မြို့နယ်၊ ပေါက်ကံရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦးဒဏ်ရာရ

Must read

ဝက်လက်မြို့နယ်၊ ပေါက်ကံရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ပေါက်ကံရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးဒဏ်ရာရှိခဲ့ကြောင်း ပြည်သူ့အစေခံတော်လှန်ရေး -ဝက်လက်မြို့ နယ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၄၀ ခန့်က တံတားဦးလေဆိပ်မှ တက်လာသော အကြမ်း ဖက်စစ်ကောင်စီ ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး အပြင်းအထန်ဒဏ်ရာရှိခဲ့ကြောင်း၊ နေ အိမ်တစ်လုံးပျက်စီးခဲ့ကာ အိမ် မွေးတိရစ္ဆာန်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ တိုက်လေယာဉ်များက စာသင်ကျောင်းနှင့် ဆေးခန်းကို အဓိက ထားပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ် ကြောင်း သိရသည်။

“ပေါက်ကံမှာ ဖိုက်တာနဲ့ပစ်တာကတော့ စုစုပေါင်း ၄ယောက်ထိတာ၊ နှစ်ယောက်ကတော့ အပေါ်ယံပဲ ထိခိုက်တာဆိုတော့ ၃ ယောက်ကတော့ ပေါင်တစ်ယောက်၊ ခါးတစ်ယောက်ထိတယ်ဗျ၊ အဲဒီ ၃ ယောက် ကတော့ စိုးရိမ်ရတဲ့အနေအထားပေါ့၊ ၁၁ ရက်နေ့က တလိုင်းမှာရွာမှာ ဖိုက်တာနဲ့ပစ်ခံရတဲ့ပြည်သူတွေ က ပေါက်ကံရွာက ဆေးခန်းမှာ ဆေးကုသတယ်ဆိုတဲ့သတင်းကြောင့် ပစ်တာလို့ ယူဆရတယ်၊ပေါက်ကံ ရွာမက ဆေးခန်းနဲ့စာသင်ကျောင်းကို အဓိကထားပစ်သွားတာ၊ လူနေအိမ်တစ်လုံးတော့ ခေါင်မိုးတွေ ပွင့်ထွက်ကုန်တယ်၊ ရွာထဲပစ်တာက သိပ်မထိခိုက်ဘူး၊ ရွာပြင်မှာ ပစ်သွားတာက ပြည်သူတွေထိခိုက် ဒဏ်ရာရတာ” ဟု ပြည်သူ့အစေခံတော်လှန်ရေး -ဝက်လက်မြို့ နယ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကောင်စီတပ်က ပေါက်ကံကျေးရွာကို တိုက်လေယာဉ်များဖြင့်လာရောက်ပစ်ခတ်မှုမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လာပစ်တာကအ ကြောင်းမဲ့ကို လာပစ်တာ။မြေပြင်မှာလည်း ဘာတိုက်ပွဲမှမရှိဘူးနော်။ သူတို့ပထမလေယာဉ်က ရွာ တောင်ဖျားကို ပစ်တာလို့ ပြောရမယ်။ နောက်တစ်စီးက ရွာပတ်ပတ်လည်ကို ပစ်တာဗျာ။ ထိခိုက်သူကတော့ အမျိုးသား၃ဦးနဲ့အမျိုးသမီးတစ်ဦးရှိတယ်။ တစ်ဦးကတော့ သွေးထွက်ကတော့များတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်များဖြင့် ပစ်ခတ်မှုကြောင့် ပေါက်ကန်ရွာမှ ဒေသပြည်သူများ၏ နေအိမ်များ ပျက်စီးသွားသည့်အပြင် ကျေးရွာ အခြေခံပညာအထက်တန်းစာသင်ကျောင်းလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article