27 C
Yangon

စစ်ကောင်စီက ကုမ္ပဏီ ၁၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ငွေလဲစင်တာ ၄၅ ခုအထိရှိလာ

Must read

စစ်ကောင်စီက ကုမ္ပဏီ ၁၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ငွေလဲစင်တာ ၄၅ ခုအထိရှိလာ၊ ပုဂ္ဂလိကဘဏ်တချို့တွင် ထောက်ခံချက်ဖြင့် ဒေါ်လာ အနည်းအကျဉ်း အယောင်ပြ ထုတ်ရောင်းခိုင်း

ရန်ကုန်၊ ဩဂုတ် ၁၅

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ကုမ္ပဏီ ၁၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ငွေလဲစင်တာ ၄၅ ခုအထိရှိလာကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ကုမ္ပဏီ ၁၃ ခုကို နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်များ ရုပ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီများမှာ

(1) Prime Residence Co., Ltd

(2) West Line Co., Ltd

(3) IMA Co., Ltd

(4) Great Father Great Sons General Trading Co., Ltd

(5) Gold Foil Co., Ltd

(6) Big Lion Gems Co., Ltd

(7) Global International Investment & Development Co., Ltd

(8 ) World Fortune International Finance Group Shares Co., Ltd

(9) Myat Nan Yone Services Co.,Ltd

(10) LP Holding Co., Ltd

(11) Golden Myanmar Asia Crown Travels & Tours Co., Ltd

(12) Yangon KSA Travels & Tours Co., Ltd

(13) Balance Co., Ltd တို့ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းရှိ Money Changer လိုင်စင်ရ ငွေလဲစင်တာ ၄၅ ခုကို ယခုနှစ်အတွင်း အပြစ်မရှိဘဲ ဆက်တိုက်ရုပ်သိမ်းခဲ့ပြီး ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းခဲ့သော်လည်း ဒေါ်လာ ပြင်ပစျေးကွက်မှာမူ တဖြည်းဖြည်း ပိုမိုကြီးထွားလာ နေကြောင်း ဒေါ်လာနှင့်နိုင်ငံခြားငွေ ဝယ်ရောင်းလက်လီ၊လက်ကားများထံမှ သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၁၀ ခုကို ဗဟိုဘဏ်က ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များ မလိုက်နာမှုဖြင့် လိုင်စင်ရုပ်သိမ်းလိုက်သည်ဟု ကြေညာခဲ့ကြောင်း၊ ယခုနှစ် မတ်လ ၁၆ ရက်နေ့တွင်လည်း နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၂၀ ခုကိုလည်း လိုင်စင်ရုပ်သိမ်းခဲ့ကြောင်း၊ ၅ လအတွင်း Money Changer လိုင်စင် ၃၀ ခုကို ဆက်တိုက် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၂ ခုမှာ Kannan Trading Co, Ltd၊ Net Change Co, Ltd၊ Thira Aung Si Trading Co , Ltd၊ Riverwood Group Co, Ltd၊ Global Myanmar Services Co, Ltd၊ D-Gold Trading Co, Ltd၊ Aurum Image Co, Ltd၊ Hi Welcome Travel @ Tours Co, Ltd၊ Sweeties Pearls Co, Ltd၊ Chase Travels & Tours Co, Ltd တို့ဖြစ်ကြောင်း သိရှိရသည်။

မတ်လ ၁၆ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံခဲ့ရသည့် ကုမ္ပဏီ ၂၀ ခုမှာ Oake Khaung Travels & Tours Co.,Ltd၊ Senjo Royal Myanmar Co.,Ltd၊ Dawei Popular Co.,Ltd၊ Zam Myo Co.,Ltd၊ Phyo Thet (PT) Co.,Ltd၊ Sky Bound Co.,Ltd၊ Myanmar MCG Corporation Ltd၊ Htwe and Htwe Family Co.,Ltd၊ Won Won Co.,Ltd၊ United Eleven Co.,Ltd၊ Tun Yama Co.,Ltd၊ Myanmar Alinkar Hotel Group Co.,Ltd၊ Cartel Co.,Ltd၊ Super Phoneix Co.,Ltd၊ Golden Falcon Shipping Co.,Ltd၊ Fairness Travels & Tours Co.,Ltd၊ Yadanar Bon Travels & Tours Co.,Ltd၊ Myanmar National Airline Co.,Ltd၊ Dewant Financial Loan Microfinance Co.,Ltd၊ Treasure Su Co.,Ltd တို့ဖြစ်ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များ၏ နိုင်ငံခြားငွေ ငွေလဲကောင်တာတချို့တွင် ပညာတော်သင်သွားမည့်သူများ၊ ဆေးကုသမည့်သူများ၊ ပြည်ပထွက်ခွာမည့်သူများကို အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့်အထိ ထောက်ခံချက်ဖြင့် ရောင်းချခိုင်းကြောင်း၊ သို့ရာတွင် ရောင်းချမှုမှာ အယောင်ပြသာဖြစ်ပြီး သူ့လူနှင့်သူ ပြည့်နေကြောင်း ငွေဝယ်ယူရန် ကြိုးစားခဲ့သူတစ်ဦးက ပြောဆိုသည်။

“ဒေါ်လာ ၅၀၀ လောက်ရမလားဆိုပြီး KBZ ဘဏ် ငွေလဲကောင်တာမှာ အထောက်အထားအပြည့်အစုံနဲ့ သွားဝယ်ပါတယ်။ ကုန်သွားပြီ။ မရှိတော့ဘူးချည်းပဲ ပြောပါတယ်။ ဘယ်လိုရောင်းတာလဲမသိပါဘူး။ သူ့လူနဲ့သူ ပြည့်နေတာထင်တယ်။ ရောင်းပေးတဲ့စျေးက စျေးကွက်ပေါက်စျေးထက် နည်းတော့ ကိုယ်ကလည်း ရရင်တော့ လိုချင်တာ။ မရခဲ့ပါဘူး” ဟု ရန်ကုန် ပြည်လမ်း၊ မာလာမှတ်တိုင်အနီးရှိ KBZ ဘဏ်တွင် ဒေါ်လာဝယ်ယူရန် ကြိုးပမ်း ခဲ့သော ထိုင်းနိုင်ငံထွက်ခွာမည့် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၇၀၀ ကျပ်ရှိနေပြီး ထိုင်းဘတ် တစ်ဘတ်လျှင်ငွေကျပ် ၁၀၃ ကျပ် ပေါက်စျေးရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်လေဆိပ်ရှိ ငွေလဲစင်တာတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

ရန်ကုန်လေဆိပ်ရှိ ငွေလဲစင်တာတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article