27 C
Yangon

ထန်တလန်မြို့ပေါ်တွင် တစ်လကျော်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၁၅ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိ၊ CDF ရဲဘော် ၄ ဦး ကျဆုံး

Must read

ထန်တလန်မြို့ပေါ်တွင် တစ်လကျော်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၁၅ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိ၊ CDF ရဲဘော် ၄ ဦး ကျဆုံး

ရန်ကုန်၊ ဩဂုတ် ၁၇

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် တစ်လကျော်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၁၅ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၁ ရက် ည ၁၁ နာရီအချိန်မှစတင်ပြီး ထန်တလမ်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား များ ခြေကုပ်ယူ စခန်းချထားသည့် နေရာများကို “Tilim Operation 2” အမည်ဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့ ရာ ဩဂုတ်လ ၁၆ ရက်နေ့က ၃၇ ရက်ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ ယင်းစစ်ဆင်ရေးအတွင်း စခန်းခွဲငယ်တစ်ခု သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်သား ၂ ဦးကို အရှင်ဖမ်းမိကာ သေနတ် ၃ လက်၊ RPG ၂ လက်၊ ကျည်နှင့်ဗုံးသီးများ သိမ်းဆည်းနိုင်ခဲ့ ကြောင်း သိရသည်။

ယင်းစစ်ဆင်ရေးအတွင်း ဇူလိုင်လ ၁၂ ရက်နေ့က ခလရ ၂၆၉ တပ်မှ တပ်သား ၁ ဦး လက်နက်အပြည့် အစုံဖြင့် CDF တပ်ဖွဲ့ထံ ခိုလှုံကာ ပြည်သူ့ဘက်တော်သားအဖြစ် ပူးပေါင်းအလင်းဝင်ခဲ့သည်ဟုဆိုသည်။

ဩဂုတ်လ ၁၄ ရက်နံနက် ၅ နာရီခန့်က ထန်တလန်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သား ၁၆၀ ဝန်ကျင်ဖြင့် နေရာယူထားသော ခလရ ၂၆၉ ပင်မစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ခွဲစခန်းတစ်ခုဖြစ်သည့် Haukabung စခန်းကို နံနက် ၅ နာရီခွဲ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းတိုက်ပွဲသည် နံနက် ၁၀ နာရီအထိ ကြာမြင့်ခဲ့ကြောင်း၊ အလားတူ အချိန်အတွင်း အကြမ်းဖက်စစ်သားများ တပ်စွဲနေရာယူထားရာ ထန်တလန်မြို့နှင့် ဟားခါးမြို့အကြားရှိ auto တောင်ကြော၊ TBC ၊ TABC စသည့်နေရာများတွင် တပြိုင် တည်းတိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း CDF – Thantlang တပ်ဖွဲ့ဝင် ၁ ဦး၊ CDF – Zophei တပ်ဖွဲ့ဝင် ၃ ဦး နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ကြရပြီး အကြမ်းဖက်စစ်တပ်မှ အပြစ်မဲ့ပြည်သူများနေထိုင်သည့် Khuafo ကျေးရွာပေါ်သို့လည်းကောင်း၊ Haukabung စခန်းနှင့် အခြားနေရာများတွင်လည်းကောင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခိုက်ခဲ့ရာ ခရစ်ယာဉ်ဘုရားကျောင်း တစ်ကျောင်းနှင့် ပြည်သူ့နေအိမ် ၇ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် တပ်အင် အားများလည်း ထပ်မံတိုးမြှင့်လာသဖြင့် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ပြီ မိဘပြည်သူများအနေဖြင့် သွားလာနေထိုင်ခြင်းကအစ ဆင်ခြင် သတိပြုပေးကြပါရန် CDF – Thantlang က မေတ္တာရပ်ခံထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article