27 C
Yangon

ကွက်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်၊ စစ်တပ်က အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်နေ

Must read

ကွက်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်၊ စစ်တပ်က အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်နေ

ရန်ကုန်၊ ဩဂုတ် ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအောင်းပြည်နယ်၊ တပ်မဟာ ၅ စစ်ဒေသ၊ ကွက်ခိုင်မြို့နယ်၊ မိုင်းယုကျေး ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ မှ ၂ နာရီခွဲခန့်အချိန်အထိ ကွက်ခိုင်မြို့ နယ်၊ ရင်ကွဲတောင် မှ မိုင်းယုကျေးရွာသို့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ခလရ ၄၅ စစ်ကြောင်းကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် – TNLA တပ်မဟာ ၁ ၊ တပ်ရင်း ၈၇၆ တို့က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီ၏ ၁၂၃ တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ အကြား ဇူလိုင်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၁၇ ရက်နေ့အထိ တိုက်ပွဲ စုစုပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို မတရားဖမ်းဆီး သတ်ဖြတ် မှုများ ရှိနေကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article