ရွှေဘိုမြို့အဝင်၌ ဆက်ကြေးကောက်ခံနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၇ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်၌ ဆက်ကြေးကောက်ခံနေသော အကြမ်းဖက် စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၁၇ ရက် ညနေ ၅ နာရီ ၂၄ မိနစ်တွင် အင်အား ၅၀ ကျော်ဖြင့် ရွှေဘိုမြို့ တောင် ဘက်အထွက် မုဒ်ပေါက်၌ ဘန်ကာများအခိုင်အမာတည်ဆောက်ကာ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်း ၂ စီးဖြင့် ကိုယ်တိုင်လုပ် ၆၀မမ အသီး ၄ လုံးကို ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ သုံးလေးရက်လောက်က အဲဒီမုဒ်ပေါက်မှာတပ်စွဲပြီး ဘန်ကာတွေ၊ ဘာတွေအခို်ငအမာတည် ဆောက်ထားတာ၊ အင်အားက ၅၀ ကျော်လောက်ရှိမယ်၊ မုဒ်ပေါက်မှာ ပွဲချင်းပြီးသေတဲ့သူတွေလည်းရှိ တယ်၊ ဆေးရုံပေါ်မှာ ထပ်သေတဲ့ကောင်တွေလည်းရှိတယ်၊ အားလုံး ၇ ကောင်လို့ သိရတယ်၊ မျက်မြင် တွေပြောပြချက်အရ သေဆုံးဒဏ်ရာရတဲ့သူတွေကို လူနာတင်ယာဉ် ၂ စီးနဲ့သယ်သွားတာ၊”ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျနော်တို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF ၊ မိတ္ထီ လာ ပြည်သူ့ကာကွယ်ရေးဒရုန်း တပ်ဖွဲ့ Lightning Done Force ( We are Everywhere) ၊ ကျောက် ဆည် နဂါးနီ တပ်ရင်း ၁ ၊ ရွှေဘိုခရိုင်း တပ်ရင်း ၁၅ – Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့ ၊ ရွှေဘိုခရိုင် တပ်ရင်း ၄ တပ် ခွဲ ၂ War Loard Defense Force – SHWEBO ၊ မတစ်ထောင် (တစ်ကောင် ဘွား) – ဒီပဲယင်း အဖွဲ့၊ Flying Dragon Force F.D.F SHWEBO အဖွဲ့၊ မိုးမခရဲခေါင် ဒီပဲယင်းအဖွဲ့၊ ရဲ ဘော်သုံးကျိပ် ဒီပဲယင်း အဖွဲ့၊ GOLDEN EAGLE-ZBG LPDF၊ Eagle Brothers Knight Force အရာတော် အဖွဲ့၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ဇေယျာသွေး ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ဗိုလ်မဟာ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မဟူရာ ရွှေဘို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊Bo Ba Taw – SHWEBO LPDF ၊ SHWEBO FEDERAL ARMY SBDF ၊ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ရွှေဘိုအားမာန် မြို့ပြပြောက်ကျား ၊အဖွဲ့ တို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များရဲဘော်များမှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။