26 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၁၉ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-အမေရိကန် အစိုးရကနေ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ MFTB နဲ့ MICB ဘဏ်တွေကို စီးပွားရေးပိတ်ဆို့လိုက်ပြီးတဲ့နောက် စစ်ကောင်စီက နိုင်ငံတကာ နဲ့ ကုန်သွယ်မရတော့တဲ့အတွက် ကြားခံ အသုံးပြုဖို့ နိုင်ငံခြားငွေကြေးနဲ့ နိုင်ငံတကာ ဘဏ်တွေကို အပူတပြင်း ရှာဖွေနေရတယ်လို့ ရန်ကုန်မှာရှိတဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

– ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို KNLA – PDF ပူးပေါင်းတပ်တွေကနေ သိမ်းပိုက်ထားမှုကို ပြန်လည်ရယူဖို့ဆိုပြီး အကြမ်းဖက် စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင် နေပေမယ့် သူတို့ စစ်ကြောင်းတွေဟာ တောင်ခြေနားတောင် မကပ်နိုင်ပဲ အသေများနေသလို ၊ အကြမ်းဖက် စစ်ကောင်စီတပ်သား အလောင်းတွေကို ရှင်းလင်းနေရတဲ့ ဗီဒီယိုထဲမှာ ကော်ဘရာ စစ်ကြောင်း တပ်ခွဲ ၄ ရဲ့ ရဲဘော်တစ်ဦးက ပြောထားပါတယ်။

– မကွေးတိုင်း၊ ပခုက္ကူမြို့က စက်မှုဇုန် ၆ လမ်းထိပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article