ဂန့်ဂေါခရိုင်၊ အမှတ် ၁ စစ်ဒေသတွင် PDF ရဲဘော်များ NCO အပတ်စဉ် ၁ သင်တန်းဆင်းပွဲ ပြုလုပ်
ရန်ကုန်၊ ဩဂုတ် ၁၉
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ တနေရာ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် ၁ စစ် ဒေသ၊ ဂန့်ဂေါခရိုင်၏ Non-Commissioned Officer (NCO) သင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၇ ရက်နေ့က အဆိုပါ သင်တန်းတွင် သင်တန်းသားရဲဘော် ၁၅၇ ဦး တက်ရောက်ခဲ့ပြီး သင် တန်း ဆင်းအခမ်းအနားသို့ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ PDF တာဝန်ခံ၊ ခရိုင်ကွပ်ကဲရေးမှူးများ၊ ခရိုင် ရေးထောက်တာဝန်ခံများ၊ တပ်ရင်း မှူး/ဒုတပ်ရင်းမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းသင်တန်းဆင်းပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံအားအလေးပြုခြင်း၊ ကျဆုံးရဲဘော်များ သတိရအောက်မေ့ ငြိမ်သက်ခြင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သောသဝဏ်လွှာအားဖတ်ကြားခြင်း မိန့်ခွန်းပြောကြားခြင်း၊ သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ ကဏ္ဍအလိုက်ထူးချွန်ဆုရရှိသူများ အားဆုချီးမြှင့်ခြင်း စသည့် အစီအစဉ်များ ဆောင်ရွက်ကာ တော်လှန်ရေးသီချင်းများသံပြိုင်သီဆိုပြီး
အခမ်း အနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)က ထုတ်ပြန်ထားသည်။