24 C
Yangon

စစ်ကိုင်းမြို့နယ်တွင် ရဲစခန်းနှင့် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ သပိတ်ကျင်းမြို့နယ်ရှိ စုပေါင်းရုံးကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

စစ်ကိုင်းမြို့နယ်တွင် ရဲစခန်းနှင့် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ သပိတ်ကျင်းမြို့နယ်ရှိ စုပေါင်းရုံးကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းနှင့် ပေါက်ကားကျေးရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ဆိတ်၊ ကြက်များကို သတ်ဖြတ်စားသောက်နေသော အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းများ ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း GTR MMU တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကိုင်းမြို့နယ်၊ ပေါက်ကား ကျေးရွာအတွင်း ဝင်ရောက်ပြီး ကျေးရွာနေပြည်သူများကို ဓားစာခံဖမ်းဆီးကာ ပြည်သူပိုင်ဆိတ်၊ ကြက် များကို သတ်ဖြတ်စားသောက်နေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး အကြီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ထွက်မပြေးနိုင်ပဲ အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေတဲ့ပြည်သူတွေ ဖမ်းဆီးခံရတာမျိုးရှိတယ်ဗျ၊ အခုအထိ အဲဒီပေါက်ကားရွာထဲမှာပဲ ရှိသေးတယ်၊ အရင်ရက်က မုံရွာ-မန္တလေးလမ်းပေါ်မှာ ကြေးနီ တင်ကားတွေကို လုံခြုံရေးယူပေးတဲ့ စစ်ကြောင်းဗျ၊ ဗုံးကျဲတိုက်ခိုက်ပြီးတော့ ထိခိုက်ဒဏ်ရာရလို့ အော် ဟစ်ညည်းညူသံတွေကြားရတယ်၊ ညောင်ပင်ဝန်းရဲစခန်းကတော့ စုံစမ်းနေတုန်းပဲ” ဟု GTR MMU တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက်စစ်သား၊ ရဲများတပ်စွဲထားသည့် ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး အကြီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးပျက်စီးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Ghost Team Ranger Myinmu(GTR MMU) ၊ Myinmu Defence Force (MMDF) ၊ မြင်းခြံခရိုင် တပ်ရင်း၆ နှင့် နယ်မြေဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းမြို့ပေါ်ရှိ စုပေါင်းရုံးကို လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်းတပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်က သပိတ်ကျင်းမြို့အနီးအထိ နယ်မြေရှင်းလင်းရေးလုပ်ဆောင်၍ သပိတ်ကျင်းမြို့နယ်စုပေါင်းရုံးအား လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းပုန်းဝပ်နေ သော အကြမ်းဖက်စစ်သားများနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ်၊ ဂွေးပင်မှော်နှင့် ပေသောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေသော အကြမ်း ဖက်စစ်သား ၄၀ ခန့်မှာ သပိတ်ကျင်းမြို့သို့ ချက်ချင်းပြန်လည်တပ်ဆုတ်လာခဲ့ကြောင်း သိရသည်။

ထို့နောက် စုပေါင်းရုံးအတွင်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဝန်ထမ်းများကို အခြားနေရာသို့ ပြောင်းရွှေ့ကာ ကင်းပုန်းဝပ်ရာနေရာများ၌ ထပ်မံအင်အားဖြည့်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ မှ ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ် ပကဖ (ဗိုလ်လင်းယုန်တပ်ဖွဲ့)၊ Nine PDF တပ်ဖွဲ့နှင့်

ဗိုလ်မိုးကြိုးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article