24 C
Yangon

ရွှေဘိုမြို့နယ်ရှိ သီးလုံးရွာမှ ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်ရှိ ငါးမြာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရွှေဘိုမြို့နယ်ရှိ သီးလုံးရွာမှ ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်ရှိ ငါးမြာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ သီးလုံးရွာမှ ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မဟူရာ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၉ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၁၅ မိနစ်က စတင်ပြီး ရွှေဘိုမြို့နယ်၊ သီးလုံးရွာကို ရောက်ရှိနေသော မြင်းချင်းရွာနှင့် ပန်းရံရွာမှ ပျူစောထီးများ တောကျောင်းဝိုင်းအတွင်း သောက်စား မူးရူးနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များ လက်လုပ် ၆၀ မမ များဖြင့် နံနက် ၅ နာရီထိ ပစ်ခတ်တိုက်ခိုက်ခဲ့​ပြီ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေး​ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မဟူရာ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်မိကျောင်း ၊ဒေါင်းမာန်၊ဒေါင်းစစ်သည်‌ ရွှေဘိုစွန်ရဲLPDF၊ဇေယျာသွေး၊ရွှေဘိုအားမာန် ၊ Shwebo Federal Army ၊ PREY KITE Shwebo ၊Eye For Eye ၊ Flying Dragon Force နှင့် HG Fighters SBO ပြည်သူ့ကာကွယ်ရေး အဖွဲ့များတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါးမြာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗိုလ်တစ်ဦးနှင့် အုပ်ချုပ် ရေးမှူးတစ်ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဩဂုတ် ၁၇ ရက် နံနက် ၇ နာရီခွဲခန့်က အဆိုပါရဲစခန်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ် မှတ် နေရာများကို ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ဗိုလ်တစ်ဦးနှင့် အုပ်ချုပ်ရေးမှူး တစ် ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ အလားတူ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်း ဖက်စစ်သားများ တပ်စွဲထားရာ မြင်းခြံမြို့နယ်၊ ညောင်တိုရွာကိုလည်း ဒရုန်းဖြင့် ၂ ကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ်၊ မြောင်မြို့နယ် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article