29 C
Yangon

ရငဲရွာရှိ ဘုရားတောင်ပေါ် တပ်စွဲခဲ့သော စစ်ကောင်စီတပ်စခန်းကို PDFက မီရှို့ ရှင်းလင်း

Must read

ရငဲရွာရှိ ဘုရားတောင်ပေါ် တပ်စွဲခဲ့သော စစ်ကောင်စီတပ်စခန်းကို PDFက မီရှို့ ရှင်းလင်း

ရန်ကုန်၊ ဩဂုတ် ၂၂

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ ရငဲရွာ မြွေတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ထွက်ခွာသွားချိန် စစ်တပ် တပ်စွဲထားခဲ့သော တပ်စခန်းအဟောင်းကို ယမန်နေ့ PDF များက မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၂၀ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်အချိန် ၎င်းဘုရားတောင်ပေါ်ရှိ စစ်တပ်အင်အား ၆၀ ဝန်းကျင်သည်တပ်စွဲထားသောနေရာကိုစွန့်ခွာ၍ စုံစင်ဖျားရွာမီးသတ်ရုံးဘက်သို့ ပြောင်းရွှေ့သွားကြောင်း၊ ထိုသို့ ပြောင်းရွှေ့သွားသည်နှင့် ယင်းစခန်းနေရာကို PDF များက ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

“ညတွင်းချင်းပစ္စည်းတွေအကုန်သိမ်း၍ဆင်းသွားတာပါ။ ခိုးထားတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုလည်း သယ်လို့ရတာယူပြီးမလိုတဲ့ အရာတွေကိုတော့ ဇရပ်ပေါ်မှာပုံခဲ့ပါတယ်။ရွာမှာစစ်တပ်မနေတော့ပေမယ့် မိုင်းတွေထောင်ခဲ့တာလို့သိရတယ်။ ရွာခံတွေလုံခြုံမှုရှိစေရန် ကျနော်တို့ အရင်သွားပြီး မ​နေ့ကနယ်မြေဝင်ရှင်းခဲ့တယ်”ဟု နယ်မြေခံကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

စစ်တပ်စခန်းဟောင်းကို နယ်မြေ ရှင်းလင်းစဉ် စခန်းတဲနှင့်ဗုံးခိုကျင်းများမှ ၆၀မမ ၇ လုံး၊ကျည်အခွံများနှင့်ယူနီဖောင်း

များကို ကာကွယ်ရေးဖွဲ့များက သိမ်းဆည်း ရရှိကြောင်း၊ ယင်းနောက် စစ်တပ်စခန်းကိုမီးရှို့ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

ယင်းရငဲရွာကို ယခုနှစ်ဇွန်လအတွင်းမှာ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကာ ဒေသခံများ၏နေအိမ်တို့ကို မီးရှို့ခြင်း ၊ လူငယ် ၁ ဦးကို ပစ်သတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းတို့ခိုးယူပြီးရွာခံများကိုဖမ်းဆီးငွေညှစ်တောင်းဆိုခြင်းများလုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ်က ရငဲရွာ ဘုရားတောင်ပေါ်တွင် ၃ လနီးပါးကြာ တပ်စွဲခဲ့ကြောင်း သိရှိရသည်။

ထိုစစ်တပ်စစ်ကြောင်းက ယမန်နေ့နံနက်ပိုင်း တောင်ပျောက်တိုက်နယ်အတွင်းသို့ထပ်မံစစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ် ရေးဖွဲ့များ နှင့် တစ်နေကုန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ကျေးရွာ ၉ ရွာမှ ပြည်သူများ စစ်ရှောင်နေရကြောင်း သိရှိရသည်။

(Dawei Information Center သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article