33 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၊ ကျောက်စက်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ Justice Soldier-PDF တပ်ဖွဲ့ ဆီကသိရပါတယ်။

– တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ကျေးရွာမှာနေထိုင်တဲ့ စစ်တပ်သတင်းပေးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ Spring Dhamma PDF အဖွဲ့ဆီ ကသိရ ပါတယ်။

– မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၂၃ စခန်းကုန်း တစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ တယ်လို့ ယောကာကွယ်ရေးတပ်- YDF မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

– တော်လှန်ရေးမှာ အောင်ပွဲတွေရနိုင်ဖို့အတွက် လူထုထောက်ခံမှုရရန် လိုပြီး လူထုထောက်ခံမှုရစေဖို့ အလုပ်နဲ့ သက်သေပြကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရအဖွဲ့အ စည်းဝေးမှာ ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article