30 C
Yangon

မင်းအောင်လှိုင် ပုဂ္ဂလိကဘဏ်များ မပြိုလဲစေရန် ကူညီခဲ့သော်လည်း ဘဏ် တချို့ သစ္စာမရှိသည့် စီးပွားရေးသမား ဝိသမ လောဘ သားများ ဟု ဇော်မင်း ထွန်း သုံးစွဲ

Must read

မင်းအောင်လှိုင် ပုဂ္ဂလိကဘဏ်များ မပြိုလဲစေရန် ကူညီခဲ့သော်လည်း ဘဏ် တချို့ သစ္စာမရှိသည့် စီးပွားရေးသမား ဝိသမ လောဘ သားများ ဟု ဇော်မင်း ထွန်း သုံးစွဲ

■ ဇော်မင်းထွန်းပြောဆိုချက် အလွန်ပိန်းလွန်းဟု စီးပွားရေးသမားတချို့ တုံ့ပြန်

ရန်ကုန်၊ ဩဂုတ် ၂၃

အကြမ်းဖက် မင်းအောင်လှိုင်က အာဏာစတင်သိမ်းချိန်တွင် ပုဂ္ဂလိကဘဏ် များ မပြိုလဲစေရေးအတွက် ကူညီခဲ့သော်လည်း လက်ရှိအချိန်တွင် ဘဏ်များ သည် သစ္စာမရှိကြောင်း၊ စီးပွားရေးသမားများသည် ဝိသမလောဘသားများ ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ယမန်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

“ဘဏ်စနစ်ကို ပြိုလဲအောင် တိုက်ခိုက်တဲ့အချိန်မှာ ဘဏ်စနစ်ပြိုလဲသွားရင် တိုင်းပြည်စီးပွားရေးလည်း ပြိုလဲသွားမှာဖြစ်လို့ လက်ရှိ ရှိနေတဲ့ ဘဏ်တွေကို ကျနော်တို့အနေနဲ့ ပေးနိုင်သမျှ အကူအညီတွေကို ပေးခဲ့တယ်။ နိုင်ငံတော် ဝန်ကြီးချုပ် အနေနဲ့ သူအကူအညီပေးနိုင်တဲ့ အကူအညီတွေပေးခဲ့တယ်။ ဗဟိုဘဏ်ကနေ ထောက်ပံ့ပြီး ရပ်တည်ခဲ့ရတယ်။ အခုအချိန်မှာ အဲ့ဒီအထဲက တချို့သော ဘဏ်တွေကလည်း သိပ်တော့ သစ္စာမရှိဘူး’’ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

လက်ရှိ ပြည်တွင်းရှိ စီးပွားရေးသမားများမှာ ဝိသမလောဘသမားများဖြစ်ကြကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

စစ်ကောင်စီက ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ဖြင့် ဝယ်ယူပြီး တစ်ဒေါ်လာလျှင် ၂၉၂၂ ကျပ်ဖြင့် ပြန်လည် ရောင်းချပေးကြောင်း၊ သို့ရာတွင် စီးပွားရေးသမားက ပြင်ပစျေးကွက်မှ ဒေါ်လာ ပေါက်စျေးနှုန်းဖြင့် တွက်ချက်၍ ကုန်စည်များကို ရောင်းချကြောင်း ၊ ထို့ကြောင့် ဝိသမ လောဘသမားများဖြစ်ကြောင်း ဇော်မင်းထွန်းက စွပ်စွဲပြောဆိုသည်။

စီးပွားရေးသမားများကမူ အကြမ်းဖက် ဇော်မင်းထွန်း၏ ပြောဆိုချက်သည် လက်လွတ်စပယ်နိုင်ပြီး စျေးကွက်စီးပွားရေးကို နားမလည်သော အလွန်ပိန်း သော ပြောဆိုချက် ပြောဆိုသည်။

“အမေရိကန်ဒေါ်လာ လုံလောက်အောင် မရောင်းပေးဘူး။ အခု သူတို့ပို့ကုန်ရ ငွေဆိုပြီး ပြန်တောင်းနေတာ ၂၀၁၆ ခုနှစ် NLD အစိုးရ လက်ထက်က ဒေါ်လာတွေပါ လိုက်တောင်းနေတာ။ Back Date နဲ့ ပြန်တောင်းနေတာ။ အဲဒီဒေါ်လာတွေက တချို့ဆိုရင် မရှိတော့ဘူးလေ။ သုံးစွဲလို့ ကုန်တောင် ကုန်နေပြီ။ စျေးကွက်စီးပွားရေးကို နားမလည်ဘဲ ဒီလိုမျိုး လက်လွတ်စပယ်ပြောနေရင် တိုင်းပြည် စီးပွားရေးက ဆိုရှယ်လစ်စီးပွားရေး စနစ်ကို ပြန်သွားနေတာ။ ရှေ့လျှောက် တိုင်းပြည် စီးပွားရေး ပျက်နေတာက လုံး၀ လုပ်မရတဲ့ အထိ ပျက်စီးသွားဖို့ပဲရှိတယ်။ စစ်တပ်ဆိုတာ ဘယ်တော့ စီးပွားရေးကို နားလည်နိုင်မယ့် Institution မဟုတ်ဘူးလေ။ အမိန့် အာဏာ နဲ့ စျေးကွက်ကို ခြိမ်းခြောက်တာက အဖြေမဟုတ်ဘူး” ဟု UMFCCI အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article