30 C
Yangon

ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဩဂုတ် ၂၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အတွင်း အကြမ်း စစ်တပ်ကယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် စစ်ကြောင်း ၂ ကြောင်းဖြင့် တစ်ပြိုင်တည်း စစ်ကြောင်း ထိုးနေသောကြောင့် ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ခင်ဦးမြို့ပေါ်တွင် ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ်၏ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ဩဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦး အရှေ့မြောက်ဘက်ရှိ ပင်တင်းရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးနေသောကြောင့် ဒေသပြည်သူ ၂၅၀၀ ကျော်စစ်ဘေးရှောင်နေကြရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

ထို့ပြင် ရွှေဘိုမြို့နယ် မြင်းစီးကျေးရွာတွင် ညအိပ်သည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည်လည်း ခင်ဦးအနောက်ဘက်ခြမ်းကို ဩဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းတွင်ပင် ဦးတည်လာ၍ ပြည်သူ ၃၅၀၀ ကျော် စစ်ဘေးရှောင်ပြေးနေကြရကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ဒေသပြည်သူများမှာ မိုးစပါးစိုက်ပျိုးချိန်ဖြစ်၍ ကောက်စိုက်ပျိုးနုတ်လုပ်ငန်းများ လုပ်ကိုင်နေချိန်တွင် စစ်ကြောင်းထိုးလာ၍ ထွက်ပြေးကြရခြင်းဖြစ်ကြောင်း ၊ ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း စစ်ဘေးရှောင်ပြေးရင်း အသက်အရွယ်ရ ပြည်သူ ၁ ဦးမှာ လေဖြတ်၍ သေဆုံးခဲ့ရကြောင်း‌ ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် စစ်ကြောင်းထိုးနေစဉ်အတွင်း မကြာခဏ ပြည်သူများကို ဖမ်းဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိ၍ ၎င်းတို့ စစ်ကြောင်းထိုးလာချိန်တိုင်းပြည်သူများ မိုးရွာမရှောင် နေပူမရှောင် ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article