အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ သြဂုတ် ၂၆
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် “လူယုတ်မာပါးစပ်က ထွက်တဲ့ဥပဒေနဲ့အညီ ငါတို့ဟာကျွန်လိုနေမှ ရန်ပြုမခံရမှာဆို ရန်ပြုခံ၍ ပုန်ကန်တဲ့ဘက်မှာပဲ ငါတို့နေမယ်” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။