25.2 C
Yangon

ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၃ ဦးကို ပကဖ အဖွဲ့က ဖမ်းဆီး

Must read

ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၃ ဦးကို ပကဖ အဖွဲ့က ဖမ်းဆီး

ရန်ကုန်၊ သြဂုတ် ၂၈

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၃ ဦးကို ပကဖ အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၂ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ရဲဘော်များက ကျောက်တစ်လုံးကျေးရွာတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်နေကြောင်းသတင်းရရှိသောကြောင့် ဝင်ရောက် စစ်ဆေးမှု ပြုလုပ်စဥ် ကျေးရွာနေ ကိုမင်းမင်း၊ ဦးဇော်နှင့် မမိုးမိုး တို့ထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ လုံးကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ၃ ဦးကို နောက်နောင် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းများ လုံးဝ (လုံးဝ) မပြုလုပ် ရန် ပြင်းထန်စွာ သတိပေးခဲ့ကြောင်း၊ ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများကို ၎င်းတို့ ၃ ဦးရှေ့၌ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

” လက်ရှိထိတော့ သူတို့ ၃ ဦးကို ဖမ်းဆီး စစ်ဆေးဆဲပါပဲ သတိပေးပြီး ပြန်လည် လွှတ်ပေးဖို့ရှိပါတယ်” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက​ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article