ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး ၁၀ ဦး ထက်မနည်း သေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင် အမြန်လမ်းမပေါ် အင်္ဂဘို ကျေးရွာ၊ ဒေါင်းတောင် ကုန်းအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တောကျီးကန်း စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်အချိန် အင်အား ၁၀၀ နီးပါးရှိ အကြမ်းဖက်စစ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီသွားပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံး ဒဏ်ရာ ရရှိသော စစ်သားများကို တော်ဝင်ကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
“ကားတန်းက မော်လမြိုင်ကနေ ရန်ကုန်ပြန်တက်တဲ့ကားတန်း၊ တပ်မကတော့ ဘယ်တပ်မကလဲ မသိရ ဘူးဗျ၊ တိုက်ပွဲဖြစ်ပြီးတော့ စစ်ခွေးတွေက ရွာထဲကို ပစ်ခတ်ပြီးတဲ့အပြင်ကိုမှ လမ်းမှသွားနေတဲ့ ဆီ ဘောက် ဆာကား တစ်စီးကို ပစ်ခတ်လို့ ဆီတွေ ယိုကျပြီးရွာထဲအထိ စီးဆင်းပြန့်ကြဲနေတယ်လို့ သိရ တယ်၊ ဘယ်ကုမ္ပဏီ ဘာညာတော့ မသိရဘူး၊” တောကျီးကန်း စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို တောကျီးကန်းစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ယခင်လအတွင်း ရှမ်းပြည်နယ်တွင် မိုင်းဆွဲခံရသည့် အကြမ်းဖက် စစ်ကောင်စီတပ်၏ ကားတစ်စီး။(ပုံအဟောင်းဖြစ်ပါသည်။)
