Khit Thit သတင်းဌာန၏ ဩဂုတ် ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၂၈ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အရှေ့တီမော သံရုံးနဲ့ သံတမန်တွေ ကို မြန်မာနိုင်ငံထဲကနေ ထွက်ခွာသွားဖို့ ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို အရှေ့တီမောအစိုးရ က ရှုတ်ချတယ်လို့ ထုတ်ပြန်ကြေညာခဲ့တဲ့အကြောင်း ရိုက်တာသတင်းဌာန ကနေ ဖော်ပြထားပါတယ်။
– မန္တလေးတိုင်း၊ သပိတ်ကျင်း-မြို့နယ်၊ တွင်းငယ်ကျေးရွာ အနီးက အကြမ်းဖက် စစ်တပ်ရဲ့ စစ်ဆေး ရေးဂိတ်ကို PDF တပ်ဖွဲ့တွေကနေ ဝင်ရောက် တိုက်ခိုက်ရာမှာ ရဲတပ်သား ၁ ဦးသေသွား ပြီးတော့ လက်နက် ၁ လက်ကိုပါ သိမ်ဆည်းရရှိခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် (ပကဖ)၊ TBK တောဆင် ရိုင်း ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အခြေစိုက် တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကျောက်လုံးကြီး KLG တပ်မဟာ/က တပ်ရင်းတွေမှာ လိုအပ်နေတဲ့ ကျည်တွေ ဖြည့်တင်းနိုင်ဖို့အတွက် “ပွဲဆက်ကဖို့ နှုတ်ခမ်းနီ ထောက်ပို့”ကမ်းပိန်း ပြုလုပ်နေပြီး ၊ မိဘပြည်သူတွေ အနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
