29 C
Yangon

မင်းတပ်မြို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၂ ဦးသေဆုံးပြီး ကား ၁ စီး သိမ်းဆည်းရရှိ၊ ပေါင်မြို့နယ် ထွေအုပ်ရုံးရှိ ဝန်ထမ်းအိမ်ယာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မင်းတပ်မြို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၂ ဦးသေဆုံးပြီး ကား ၁ စီး သိမ်းဆည်းရရှိ၊ ပေါင်မြို့နယ် ထွေအုပ်ရုံးရှိ ဝန်ထမ်းအိမ်ယာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂၈

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံး ကာ ၇ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CDF – Mindat တပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၂၆ ရက်နေ့က မင်းတပ်မြို့အရှေ့ပြင်ရပ်ကွက်တနေရာ၌ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ် သား ၂ ဦးသေဆုံးပြီး ၇ ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဩဂုတ်လ ၂၃ ရက်နေ့က လည်း အရှေ့ပြင်ရပ်ကွက် ဆက်သွယ်ရေးရုံးအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက် သေဆုံးမှု အခြေအနေ မသိရသေးကြောင်း သိရသည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်သားများ ထိန်းချုပ်ထားသော ကားတစ်စီးကို CDF – Mindat တပ်ဖွဲ့ဝင်များမှ သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်သားများသည် ဩဂုတ်လ ၂၆ ရက်နေ့တွင် မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက်ရှိ ပြည်သူ ၄ ဦးနှင့် ဩဂုတ်လ ၂၅ နေ့က ပြည်သူ ၂ ဦးကို ဖမ်းဆီးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု စွပ်စွဲ ထားကြောင်းကြောင်း သိရသည်။

မင်းတပ်မြို့ပေါ်တွင် အကြမ်းဖက်စစ်သားများမှ ပြည်သူများပေါ်တွင် မတရားစွပ်စွဲဖမ်းဆီးမှု ပိုမိုများပြာ လာနေပြီး မိဘပြည်သူများအနေဖြင့် အထူးသတိပြုသွားလာနေထိုင်ကြရန် CDF – Mindat က တိုက် တွန်းထုတ်ပြန်ထားသည်။

ထို့ပြင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းအိမ်ယာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့​ကြောင်း တပင်ရွှေထီးစစ်ကြောင်းက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် သထုံခရိုင်၊ တပ်မဟာ ၁ ၊ တပ်ရင်း ၂ KNLA/PDF အဖွဲ့၊ ပ.က.ဖ အဖွဲ့၊ S . O . F ပူးပေါင်း အဖွဲ့ဝင်များက ပေါင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးရုံး ဝန်ထမ်းအိမ်ရာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို Drone ဖြင့် ဗုံးသီး ၇ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ရာသီဥတု နှင့် ပတ်ဝန်းကျင်အခြေအနေကြောင့် စစ်သား သေဆုံးမှု မရှိသော်လည်း မြို့နယ် အုပ်ချုပ်ရေး ကောင်စီ ဗိုလ်မှူးကျော်နိုင်ဦး အပါအဝင် ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ် ၂ ဦး၊ တပ်သား ၁ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ငယ်များ၊ ၄၀ မမ များနှင့် ပြန်လည်ပစ်ခတ်ခဲ့​သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article