27 C
Yangon

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ကျောင်းသားလက်ရုံးတပ်တော် ကို AA က အထူးတိုက်ခိုက်ရေး သင်တန်းပေး

Must read

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ကျောင်းသားလက်ရုံးတပ်တော် ကို AA က အထူးတိုက်ခိုက်ရေး သင်တန်းပေး

ရန်ကုန်| ဩဂုတ် ၃၁

ကျောင်းသားလက်ရုံးတပ်တော် ကို ရက္ခိုင့်တပ်တော် AA က အထူးတိုက်ခိုက် ရေး သင်တန်းပေးခဲ့ပြီး သင်တန်း ဆင်းပွဲ အခမ်းအနားအား ပူးတွဲ ကျင်းပပြု လုပ်ခဲ့ကြောင်း ဩဂုတ် ၃၀ ရက်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော် ဗဟို ဌာနချုပ်က ထုတ်ပြန်သည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ်လ ၂၈ ရက်နေ့တွင် ကျောင်း သားလက်ရုံးတပ်တော် ဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ကြပြီး အခမ်းအနားသို မဟာမိတ်တပ်အသီးသီးမှအရာရှိ၊ အရာခံများနှင့် အကြပ်စစ်သည်များ ကျောင်း သားလက်ရုံးတပ်တော်မှ ရဲဘော်များလည်း တက်ရောက်ခဲ့ကြသည်။

ရက္ခိုင့်တပ်တော်မှ လေ့ကျင့်သင်ကြားပေးခဲ့သော အထူးတိုက်ခိုက်ရေး သင် တန်း ကို သင်တန်းသား ၆၀ ဦး တက်ရောက်သင်ကြားခဲ့သော်လည်း သင်တန်း သား ၅၈ ဦးသာ သင်တန်းဆင်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို ရက္ခိုင့်တပ်တော်မှ တာဝန်ရှိသူများမှ တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း အဆိုပါ ကျောင်းသား လက်ရုံး တပ်တော်ကို ရခိုင်ပြည်ရှိ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်စိုးမိုးရာ နေရာတွင် စတင်ဖွဲ့စည်းလှုပ်ရှားခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် AA အပါအဝင် ၎င်းတို့၏ ညီနောင် မဟာမိတ်များဖြစ်ကြသည့် တအင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက် တစ် မဟာမိတ် တပ်မတော် MNDAA တို့က နွေဦးတော်လှန်ရေး တွင် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းများကို လက်နက်ခဲယမ်းများနှင့် စစ်တန်းပေးမှုများကို လုပ်ဆောင်နေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနွေဦးတော်လှန်ရေးနှင့် အတူ စစ်အာဏာရှင်များကို တော်လှန်ဖို့ နယ်မြေအသီးသီးက လူငယ်များသည် တိုင်းရင်းသား လက်နက်ကိုင်များရှိရာသို့ ဝင်ရောက်လာပြီး လက်နက်ကိုင်ကာ စစ်အာဏာရှင် ကျရှုံးရေး တော်လှန် တိုက်ပွဲဝင်နေကြသည်။

အလားတူ စစ်အာဏာရှင် ကျရှုံးရေးတွင် ပြည်သူ့ ကာကွယ်ရေးတပ် PDF ကဲ့သို့ တော်လှန် တိုက်ခိုက်နေသည့် လူငယ်များနှင့် ပေါင်းစည်းထားသည့် တော်လှန်ရေး တပ်ပေါင်းစုများလည်း အများအပြား ပေါ်ပေါက်လာနေပြီး ၎င်းတို့မှာ ရရာလက်နက်ကို ကိုင်စွဲကာ တော်လှန် တိုက်ပွဲဝင်နေကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article