ဆားလင်းကြီးတွင် ဝမ်ပေါင်-ယန်စီ ကုမ္ပဏီ အလိုမရှိကြောင်း ချီတက် ဆန္ဒပြ
ရန်ကုန်၊ သြဂုတ် ၃၁
ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် “ဦးပိုင်ဝမ်ပေါင်-ယန်စီ လူသတ်အကြမ်းဖက်မှု ချက်ချင်းရပ်” စာတန်း ကိုင်ဆောင်ကာ ဝမ်ပေါင်-ယန်စီ ကုမ္ပဏီ အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ၅/ဆားလင်းကြီး လူထု သပိတ်စစ်ကြောင်း ဖော်ဆောင်ရေးကွန်ရက်နှင့် Black Hawk Salingyi ပကဖ ၊ Salingyi Heroic People’s Defence Force (ဆားလင်းကြီးသူရဲကောင်းလေးများ) ၊ ကျေးရွာ ပကဖ ၊ ပလဖ ၊ ပအဖ အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

