27 C
Yangon

မြ၀တီမြို့နယ်နှင့်ခရိုင် ရဲစခန်း၊ ထွေ/အုပ်ရုံးကို ယနေ့ ညပိုင်း ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သားနှင့်ရဲ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူများရှိနိုင်၊ စစ်တပ်နှင့် BGF များ ရုတ်ရုတ်သဲသဲ ဖြစ်နေ

Must read

မြ၀တီမြို့နယ်နှင့်ခရိုင် ရဲစခန်း၊ ထွေ/အုပ်ရုံးကို ယနေ့ ညပိုင်း ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သားနှင့်ရဲ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူများရှိနိုင်၊ စစ်တပ်နှင့် BGF များ ရုတ်ရုတ်သဲသဲ ဖြစ်နေ

ရန်ကုန်၊ စက်တင်ဘာ ၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ မြ၀တီမြို့နယ်နှင့် ခရိုင် ရဲစခန်း၊ ထွေ/အုပ် ရုံးကို ယနေ့ညပိုင်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားပြီး စစ်သားနှင့်ရဲ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၃ ရက်နေ့ ည ၇ နာရီအချိန်မှစတင်၍ ဒရုန်းဖြင့် မြ၀တီမြို့ လယ်ခေါင် ရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံး၊ ခရိုင်ရဲတပ်ဖွဲ့ရုံး တို့ကို ဗုံးများ ဆက် တိုက် ကျဲချခဲ့ကြောင်း၊ ဗုံးပေါက်ကွဲသံများက မြ၀တီတစ်မြို့လုံး ဆူညံသွားပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ လူနာ တင်ကားများ၊ စစ်ကားများဖြင့် ရုတ်ရုတ်သဲသဲဖြစ်နေကြောင်း သိရှိရသည်။

“မြဝတီမြို့လယ်ခေါင် ရဲစခန်းမှာ ပေါက်ကွဲသံ ၂ ကြိမ် ကြားရတယ်။ အသံ တွေ က စက္ကန့်ပိုင်းပဲ ခြားတယ်။ ဒရုန်းနဲ့လာချတာ။ မိုးရွာနေတာတောင် အသံ အတော်ပြင်းတယ်။ ပစ်မှတ် တိကျတော့ အသေပျောက်ရှိမယ်ထင်ပါတယ်။ ပြည်သူ တွေကတော့ ည ၆နာရီ ဆို ရဲစခန်းရှေ့ လမ်းဘက်အသွားလာက လမ်းပိတ် လိုက်တော့ ဖြတ်မရဘူး။ ဗုံးကွဲတာက ၄ လုံး ။ ည ၇နာရီ ခွဲ မှာ ၂ လုံး။ ည ၇ နာရီမှာ ၂ လုံးကွဲတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- Eagle Brigade (Anyar Eagles) ၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article