32 C
Yangon

မြိုင်နှင့် ရေဖြူတွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်သား ၉ ဦး သေဆုံး၊ ယင်းမာပင်ရှိ ဘန့်ဘွေး ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မြိုင်နှင့် ရေဖြူတွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်သား ၉ ဦး သေဆုံး၊ ယင်းမာပင်ရှိ ဘန့်ဘွေး ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၃

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်တွင် မြိုင်​မြို့နယ် တောင်ပိုင်း စက်မှု ၂ အတွင်းမှ စစ်သား အင်အား ၃၀ ခန့်သည် ကိုင်းတောမရွာရှိ ရေစက်စောင့်နေသော စစ်သားများနှင့် လူချင်းချိန်းပြီး ပြန်လာစဉ် ကိုင်းတောမရွာနှင့် စက်မှု ၂ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလည် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်ပကဖ တပ်ရင်း ၃၊ တပ်ခွဲ ၁) ၊ Cobra တပ်ဖွဲ့ (မြိုင်) ၊ Myaing Under Ground Defence Force (MUGDF) ၊ မြိုင်မြို့နယ်ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်ပကဖတပ်ရင်း ၁ ၊ တပ်ခွဲ ၂) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရငဲရွာဘုန်းကြီးကျောင်း၌ တပ်စွဲရန်လာသော အကြမ်းဖက် စစ်တပ်ကို ထားဝယ်ခရိုင် တပ်ရင်း ၁ /T1 ရဲဘော်များမှ ၇၉ ဗုံးသီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဧကနိရွာဘက်ကို စစ်ကြောင်းထိုးဝင်လာသည့် အကြမ်းဖက် စစ်တပ်ကို ဇင်ယော်တပ်စိတ်နှင့် T1 တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ဇင်ယော်အဖွဲ့မှရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင်လည်း ဧကနိရွာ စာသင်ကျောင်း အနီးရှိ ပြည်သူနေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ နေစဥ် ရေဖြူ (ပကဖ) နှင့် T1 ရဲဘော်များက ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ရင်း(၁)/T1 က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ(ပျူ)စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULG ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၃ ရက် နေ့လည် ၁ နာရီခန့်ကယင်းမာပင်မြိုနယ်၊ ဘန့်ဘွေးရွာမ(ဒေသအခေါ်) ပျူစောထီးရွာကို ULF မဟာမိတ်တပ်ပေါင်းစု နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ DY-850 တိုက်ခိုက် ရေး Drone ဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင်နေအိမ်ပေါ်သို့ ကျ ရောက် ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးULF(တပ်ပေါင်းစု) Comrade စစ်ကြောင်းမှ ဗိုလ်မုတ်ဆိတ်အဖွဲ၊ ချင်းတွင်းတိုက်ဂါး CTLPDF၊ ဗိုလ်ထွန်းတောက်၊ ဗျတ္တညီနောင်တို့အပြင် ဒေသမဟာ မိတ် တပ်ဖွဲများဖြစ်သည့် NWPDF ၊ ယင်းမာပင်ခရိုင် Drone Army ၊ MTOF ၊ ရဲခေါင်ပျောက်ကျား၊ BLF တပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article