32 C
Yangon

ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူး နေလင်းစိုး အပါအဝင် ၅ ဦး ဗုံးထိမှန်သေဆုံးဟု မြ၀တီမြို့ခံများပြော၊ ၁၆ ဦးဒဏ်ရာရရှိဟုဆို

Must read

ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူး နေလင်းစိုး အပါအဝင် ၅ ဦး ဗုံးထိမှန်သေဆုံးဟု မြ၀တီမြို့ခံများပြော၊ ၁၆ ဦးဒဏ်ရာရရှိဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ညပိုင်း ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူး နေလင်းစိုး အပါအဝင် ၅ ဦး ဗုံးထိမှန်သေဆုံးပြီး စစ်သားနှင့်ရဲများအပါအဝင် ၁၆ ဦးဒဏ်ရာရရှိကြောင်း မြ၀တီမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

” မြ၀တီခရိုင်ဥက္ကဋ္ဌ ဦးစိုးတင့် ၊ PSO ထွေ/အုပ်ဦးစီးမှူး ထွန်းထွန်းငြိမ်း၊ ယာဥ်ထိန်း ဒုရဲမှူးနေလင်းစိုး အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးတယ်လို့ သိရတယ်။ ဒဏ်ရာရတာက ၁၆ ဦး၊ ၊ ခရိုင်ရဲမှူးကတော့ ဒဏ်ရာရတာ အသည်းအသန်မို့ မဲဆောက်ဘက်ပို့တယ်လို့ ကြားပါတယ်” ဟု မြ၀တီမြို့ခံတစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါ သတင်းကို အတည်ပြုရေး မြ၀တီမြို့နယ်ရဲတပ်ဖွဲ့ သတင်းရင်းမြစ်ကို ဆက်သွယ်မေးမြန်းရာ ထိခိုက်သေဆုံးမှု ရှိကြောင်း၊ အရာရှိနှင့်ဝန်ထမ်းများ သေဆုံးထိခိုက်မှု ရှိသည်မှာ မှန်ကန်ကြောင်း၊ သို့ရာတွင် အမည်နှင့်ရာထူးများ အတိအကျ မသိရသေး ပြောဆိုသွားသည်။

“ဒရုန်းနဲ့ ဗုံးကျတဲ့အချိန်က လုံခြုံရေးအစည်းအဝေးရှိနေတဲ့အချိန်လို့ ပြန်သိရတယ်။ အသေးစိတ်မသိရသေးဘူး။ သေဆုံးထိခိုက်မှုရှိပါတယ်” ဟု မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှ ဖရဲသီးရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- မြ၀တီခရိုင် ဥက္ကဋ္ဌ ဦးစိုးတင့် တက်ရောက်သည့် ထွေ/အုပ်အစည် းအဝေးမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

မြ၀တီခရိုင် ဥက္ကဋ္ဌ ဦးစိုးတင့် တက်ရောက်သည့် ထွေ/အုပ်အစည် းအဝေးမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article