Khit Thit သတင်းဌာန၏ စက်တင်ဘာ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၆ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားဖုံးရောင်ပြီး မူးဝေ အော့အန်မှု ဖြစ်ပွားခဲ့ ပေမယ့် စစ်ကောင်စီက ပြင်ပ ဆရာဝန်နဲ့ ဆေးကုသခွင့်မပေးဘဲ ပိတ်ပင်ခဲ့ကြောင်း ရိုက်တာသတင်းဌာန သတင်းဖော်ပြချက်နဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ သတင်းရင်းမြစ်တချို့ပြောဆိုချက်အရ သိရပါ တယ်။
– ၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို မြန်မာအကြမ်းဖက် စစ်ဗိုလ်ချုပ်တွေ ရယူခွင့်မပြုဘဲ ဖိလစ်ပိုင်နိုင်ငံကို လွှဲပြောင်းပေးဖို့ အာဆီယံ ထိပ်သီးအစည်းအဝေးက ဆုံးဖြတ်လိုက်တယ်လို့ ဒေသ တွင်း သတင်းတွေအရသိရပါတယ်။
-မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ ကျေးရွာ ၅ ရွာမှ လူနာတင်ကားတွေကို စစ်တပ်က သိမ်းဆည်း သွားပြီး တံဆိပ်ခွာကာ ပြန်လည် အသုံးပြုနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေ ကိုတင်ဆက်ပေးပါမယ်။