26 C
Yangon

မူးနှင့် ရွှေကျင် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး

Must read

မူးနှင့် ရွှေကျင် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၆

ပဲခူးတိုင်း၊ မူးမြို့နယ်နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ ဗဟို က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် မူး(မုန်း) မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ ၃ လက်အောက်ခံ တပ်များ အကြား တိုက်ပွဲ ၂ နာရီကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ခမရ−၄၃၉ တပ်ရင်းနှင့် ခလရ−၆၀ တပ်ရင်းများက လက်နက်ကြီး ၆၃ လုံး ပစ်ခတ်ခဲ့ရာ ဟော်ခိုဝေါ် (ငထွေစုပ်) ရွာ ဘုရားအနားတွင် အလုံး ၃၀ နှင့် ဝေကော်ရွာတွင် ၃၂ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က ဟော်ခိုဝေါ် (ငထွေစုပ်) ကျေးရွာအတွင်း လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်ခြင်း​ကြောင့် အသက် ၁၂ နှစ်အရွယ် စောလားခူဝါး သေဆုံးခဲ့​ပြီး စောအယ်ကော်ထူး၊ စောညီနိုင်၊ နော်မနိုး၊ နော်မနိုးရီယာ၊ စောဝါစီနှင့် စောဂျိုးတို့ ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၃ လုံးထိမှန်ပြီး ပျက်စီးခဲ့ကြောင်း၊ မျက်ရဲကရင်ရွာ၊ ဟော်ခိုဝေါ် (ငထွေစုပ်) ရွာ၊ ဆေးပုလဲရွာ၊ မိသ္သလင် ကျေးရွာနှင့် ဗမာမျက်ရဲကျေးရွာတို့မှ ပြည်သူ ၂၈၀၂ ဦးလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မူး (မုန်း) မြို့နယ်ရှိ လည်ပတ်တွင်အခြေချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခလရ−၆၀ တပ်ရင်းမှ ပရဲစီ ကျေးရွာအတွင်းကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ အသက် ၈၃ နှစ်အရွယ် စောကျော်ဟိန်း ပွဲချင်းပြီး သေဆုံးကာ နော်ဒါးရေ ၊ နော်အယ်ခူဆဲနှင့် ညားတာမ တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဆောထိ (ရွှေကျင်) မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ပုဇွန်မြောင်းတွင်ရှိသော အမြောက်တပ် ခမရ−၂၀ တပ်ရင်းက လက်နက်ကြီးများဖြင့် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ညောင်ပင်ကြီး ကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မျိုးမျိုးထွေး နောက်ကျောထိ ဒဏ်ရာရ၊ အသက် ၈ နှစ်အရွယါ အေးမွန်ခိုင် မျက်ခမ်းထိ ဒဏ်ရာရ နှင့် အသက် ၃၈ နှစ်အရွယ် မမြင့်မာ ခြေထောက် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ည ၉ နာရီခန့်တွင်လည်း ခမရ- ၂၀ တပ်ရင်းက လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ဝိုင်ကျိုး ကျေးရွာအတွင်း ကျရောက်ခဲ့ပြီး အသက် ၆ လအရွယ် ချစ်ကိုနိုင် ခါးအောက်ပိုင်းကို ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article