Khit Thit သတင်းဌာန၏ စက်တင်ဘာ ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စနစ်တကျ ဖိနှိပ်မှုတွေကြောင့် ဒီမိုကရေစီပြန်သွားရေး မျှော်လင့် ချက် ချေဖျက်ခံနေရပြီး အခြေအနေ ဆိုးဝါးလာနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြောဆိုလိုက်ပါတယ်။
-ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနဲ့ကော့နွဲ့ကျေးရွာကြားရှိ အံကလော် တံတားထိပ်၊ သရက်ခြံကို စစ်ကြောင်းထိုး ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို ဒရုန်းနဲ့ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ Saw Dragon Drone Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ဘုတလင်မြို့ပေါ် ခုံမင်းကြီးရပ်ကွက်အတွင်း ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်က PDF ကို သူတို့လူထင်ပြီး လှမ်းခေါ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင် စီဘက်မှ ၃ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။