26 C
Yangon

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ‘သံဖြတ်လွှ’ ဓာတ်ပုံကမ်ပိန်းပြုလုပ်

Must read

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ‘သံဖြတ်လွှ’ ဓာတ်ပုံကမ်ပိန်းပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၁

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ စက်တင်ဘာ ၁၁ ရက်နေ့တွင် “သံဖြတ်လွှ”ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဓာတ်ပုံကမ်ပိန်းသည် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊သပိတ်အင်အားစုမှရဲဘော်များ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်များ၊ပြည်သူလူထုများစုပေါင်းကာ မုံရွာအကျဉ်းထောင်တွင်း အစာငတ်ခံဆန္ဒပြ၍‌တောင်းဆို‌နေကြသော နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ရပ်တည်ကြောင်းနှင့် အကျဉ်းထောင်တွင်း ဥပဒေမဲ့ ဖိနှိပ်မှုများ၊ သတ်ဖြတ်မှုများကို အမြန်ဆုံးရပ်တံ့‌ရန်အတွက် ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

မုံရွာအကျဉ်းထောင်တွင်းမှ ရဲဘော်များ အစာငတ်ခံဆန္ဒပြ၍ တောင်းဆို‌နေသော အချက် ၃ ချက်မှာ အထူးရှာဖွေရေးမှ သိမ်းဆည်းသွားသော အကျဉ်းသားများပိုင်ပစ္စည်းများကို ပြန်လည်ပေးအပ်ရန်၊ ပြင်ပမှပေးပို့သော ထောင်ဝင်စာပါဆယ်များအားကန့်သတ်ချုပ်ချယ်မူမရှိပဲလွတ်လပ်စွာပေးပို့ခွင့်ပြုရန်၊ အစာငတ်ခံဆန္ဒပြလျက်ရှိသော ရဲဘော်များ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား အပြည့်အဝတာဝန်ယူဖြေရှင်းပေးရန်တို့ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article