ယင်းမာပင်နှင့် ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန်နှင့် အဝတ်အထည်များ လှူဒါန်း
ရန်ကုန် ၊ စက်တင်ဘာ ၁၃
ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို တော်လှန်ရေး တပ်ဖွဲ့နှင့် ထောက်ပို့အဖွဲ့များက စားသောက်ကုန်နှင့် အဝတ်အထည်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင် ပြည်သူများကို ထိုင်းနိုင်ငံရောက် GOLDEN MYANMAR (နောင်ကယ်) အဖွဲ့မှ အဝတ်ထည်များ၊ Black Vote Fighter အဖွဲ့မှ စားနပ်ရိက္ခာများ၊ နွေးထွေးသော ကမ်းလက်များ ပရဟိတလူငယ်များအဖွဲ့ မှစားနပ်ရိက္ခာများ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

