26 C
Yangon

မုံရွာထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၅၀ ဦး၏ အစာငတ်ခံဆန္ဒပြ သပိတ် တိုက်ပွဲ အောင်မြင်စွာ ပြီးဆုံး၊ တောင်းဆိုချက် ၄ ချက်ကို စစ်ကောင်စီ ဘက်က လိုက်လျော

Must read

မုံရွာထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၅၀ ဦး၏ အစာငတ်ခံဆန္ဒပြ သပိတ် တိုက်ပွဲ အောင်မြင်စွာ ပြီးဆုံး၊ တောင်းဆိုချက် ၄ ချက်ကို စစ်ကောင်စီ ဘက်က လိုက်လျော

ရန်ကုန်၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသား ၅၀ဦး၏ တောင်းဆိုချက် (၄)ချက်ကို စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁နာရီခန့်တွင် ထောင်အာဏာပိုင်များက လက်ခံလိုက်ပြီး အစာငတ်ခံ ဆန္ဒပြ သပိတ်တိုက်ပွဲ အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။

မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို တိုက်ပိတ်ထားရာမှ အကျဥ်း‌ ထောင် အတွင်း လွတ်လပ်စွာသွားလာခွင့် ပြန်ပေးလိုက်ပြီး နိုင်ငံရေး အကျဉ်း သား များထံမှ ရှာဖွေ သိမ်းဆည်းသွားသော ပစ္စည်းများကိုလည်း ထောင် အာဏာ ပိုင်များက ပြန်လည်ပေးအပ်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသား ဟောင်း ဖြစ်သူ ကိုလွင်မိုးသန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဒီလိုတောင်းဆိုတာတွေလိုက်လျောတာ၊သိမ်းသွားတဲ့ပစ္စည်းတွေ ပြန်ရတာ ပထမဆုံးလို့ပြောလို့ရတယ်။ ၂၀၂၂ခုနှစ်ထဲမှာ ကျွန်တော်တို့ အကျဉ်းထောင် မှာ ရှိတုန်းက ပစ္စည်းတွေသိမ်းတဲ့ဖြစ်စဉ်ရှိခဲ့ပြီး အဲ့တုန်းကလည်း ပြန်ပေးဖို့ တောင်းဆိုကြပေမယ့် အကျဉ်းသားတွေရဲ့ စာအုပ်တွေရော ပုံတွေရော အကုန် မီးရှို့ ပစ်လိုက်ကြတယ်။ လူ့အခွင့်အရေးလုံးဝချိုးဖောက်ခံခဲ့ရတာပါ” ဟု ပြောသည်။

အစာငတ်ခံ ဆန္ဒပြသပိတ်တိုက်ပွဲ အောင်မြင်စေရန်၊ အကျဉ်းသားများ၏ တောင်းဆိုချက်များကို လိုက်‌‌လျောလာစေရန် ပါဝင်အားဖြည့် ကူညီပေးခဲ့ကြ သော တော်လှန် ပြည်သူများနှင့် ပြည်တွင်း ပြည်ပ မီဒီယာများကို နိုင်ငံရေး အကျဉ်းသားများက ကျေးဇူးတင်လျက်ရှိကြောင်း ကိုလွင်မိုးသန့်က ဆက်ပြော သည်။

အစာငတ်ခံ ဆန္ဒပြကြသော နိုင်ငံရေးအကျဉ်းသားများက (၁)စာအုပ်များ သိမ်း ဆည်းသွားခြင်းကို ပြန်ပေးရန်၊ (၂) တစ်ဦးလျင် ပုံစံ ၃စုံစီ ခွင့်ပြုထားလျက် သိမ်းဆည်း သွားခြင်းကို ပြန်ပေးရန်၊ (၃) သိမ်းဆည်းသွားသော စားအိုးစားခွက် များ၊ အစား‌အသောက်နှင့် ဟင်းများ ပြန်ပေးရန်နှင့် (၄)တစ်ဦးလျှင် စာ ၁၀ စောင်၊ ပုံ ၁၀ပုံ ခွင့်ပြုထားလျက် သိမ်းဆည်းသွားသော ပုံများကို ပြန်ပေးရန် စသည့် အချက် ၄ချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ မတရားသဖြင့် ဖိနှိပ်ညှင်းပန်းမှုကို ခိုင်မာသော အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဖြင့် ‌ခုခံတွန်းလှန်ခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများ၏ တော်လှန်စိတ်ဓာတ်ကို လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မုံရွာအကျဉ်းထောင်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article