26 C
Yangon

တနင်္သာရီနှင့် ဂန့်ဂေါတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦးဒဏ်ရာရ

Must read

တနင်္သာရီနှင့် ဂန့်ဂေါတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၃

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ဘန်လောရွာနှင့် အနီးအနား ကျေးရွာများကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ၂ ရက်ဆက် ပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် တနင်္သာရီမြို့ပေါ်ရှိ လေသာတောင်၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ ၅၆၁ တပ်ရင်းနှင့် ဗောဓိကမ်း တံတား၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဘန်လောရွာနှင့် အနီးတဝိုက်ကို လက်နက်ကြီးနှင့် အချက် ၃၀ ခန့် တနေကုန် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ဘန်လော၊ ခြောက်မိုင်နှင့် မမသောင် ရွာများဘက်ကို ကျရောက်ခဲ့ပြီး အဆောက်အဦးနှင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း၊ ဘန်လောရွာ ဘုန်းကြီးကျောင်း အဆောက်အဦးကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သောလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင် ပြည်သူ ၈ ဦးခန့် လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်း၌ တပ်စွဲထားသောအကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြသူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မင်းရွာရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၄၀ မမ ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ ဦးထိခိုက် ဒဏ်ရာရရှိပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article