27 C
Yangon

ရေးမြို့နယ်ရှိ ဒေသပြည်သူများကို PDF ဒေါနစစ်ကြောင်းက ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေး

Must read

ရေးမြို့နယ်ရှိ ဒေသပြည်သူများကို PDF ဒေါနစစ်ကြောင်းက ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေး

ရန်ကုန်၊ စက်တင်ဘာ ၁၃

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ဒေသပြည်သူများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ဒေါနစစ်ကြောင်း၏ ဆေးတပ်ဖွဲ့က ကျန်းမာရေး စောင့်ရှောက်ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လမှ သြဂုတ်လ အထိ ရေးမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာတွင် အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၅၁ ဦးနှင့် ငါးနှစ်အောက် ကလေးငယ် ၅ ဦး စုစုပေါင်း အရပ်သား ပြည်သူ ၁၂၃ ဦးကို ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

မိုးရာသီ ဖြစ်သည့်အတွက် ငှက်ဖျားရောဂါနှင့်သွေးလွန် တုပ်ကွေး ရောဂါများ အများဆုံး ဖြစ်ပွားကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေါနစစ်ကြောင်း၏ ဆေးတပ်ဖွဲ့အနေဖြင့် ရပ်ရွာတွင်း အခြေခံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အသိပညာမြှင့်တင်ပေးရန်အတွက် လိုအပ်သော ဆေးပညာဆိုင်ရာ သင်တန်းများလည်း ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article