26.4 C
Yangon

ပေါင်မြို့နယ်တွင် စစ်သားဟောင်း ၁ ဦး ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ပြည်သူ ၈ ဦးကိုအကြောင်းမဲ့ ဖမ်းဆီး၊ ပုလောတွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ

Must read

ပေါင်မြို့နယ်တွင် စစ်သားဟောင်း ၁ ဦး ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ပြည်သူ ၈ ဦးကိုအကြောင်းမဲ့ ဖမ်းဆီး၊ ပုလောတွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ

ရန်ကုန်၊ စက်တင်ဘာ ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာမှ စစ်သားဟောင်း ၁ ဦး ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ပြည်သူ ၈ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရင်းငြိမ်ကျေးရွာမှ စစ်သားဟောင်း ဦးကျားကြီး ဆိုသူ ပစ်ခတ်ခံရပြီးနောက် ယင်းညပိုင်းတွင် အကြမ်းဖက် စစ်တပ်က အရပ်ဝတ်များဖြင့် ရင်းငြိမ်ရွာမှ ပြည်သူ ၈ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးသွားသော ပြည်သူ ၈ ဦးကို အကြမ်းဖက် စစ်တပ်က ညတွင်းချင်း ရင်း​ငြိမ် ရဲစခန်းကို ခေါ်ဆောင်သွားပြီးနောက် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် သထုံ စစ်ကြောရေး (လေ့ကျင့်ရေး ၉) ကို ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

” ပစ်ခံရတဲ့ ကျားကြီးဆိုတဲ့ စစ်သားဟောင်းက စစ်တပ်ထဲမှာ သူ့အကိုရှိတယ်။ သူ့ညီထိတော့ ဝင်ဖမ်းတာမျိုး ကျားကြီးက သူ့ သေနတ်သိမ်းခံရပြီးထဲကတော့ ငြိမ်နေတာ သေနတ်ရှိတုန်းကတော့ ပျူစောထီးလိုပဲ အဲ့တာကြောင့်လည်း ပစ်ခံရတာ ရင်းငြိမ်ရွာက ပြည်သူ ၈ ဦးကိုလည်း ညတွင်းချင်း ဖမ်းသွားတယ်။ ဘာသတင်းမှ မရသေးဘူး” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

ပစ်ခတ်ခံရသော စစ်သားဟောင်း ကျားကြီးဆိုသူသည် ယခင်က သေနတ် ကိုင်ဆောင်ထားသူဖြစ်ပြီး စစ်တပ်က သေနတ်ပြန်လည် သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တွင် ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စု၊ မှော်ကြောင်း​ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူများကို မတရား ဖမ်းဆီးသွားကြောင်း သိရသည်။

” မှော်ကြောင်းရွာနားမှာ တိုက်ပွဲဖြစ်တယ်။ စစ်ခွေးတွေက လက်နက်ကြီး အချက်ရေ ၁၀၀ ကျော်လောက်ပစ်တာ လတ်တလော သိရတာ မှော်ကြောင်းရွာက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဖမ်းခံရတယ်လို့ပဲ အတည်ပြုနိုင်သေးတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ မှော်ကြောင်းကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိသော ကျေးရွာဖြစ်ပြီး လက်ရှိချိန်တွင် ရွာလုံး​ကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article