31 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင် စခန်းကို ရိက္ခာပို့လာပို့သည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀၀ ကျော်ကျဲချ တိုက်ခိုက်မှု စစ်သား ၁၀ ဦး ထက်မနည်း သေဆုံး

Must read

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင် စခန်းကို ရိက္ခာပို့လာပို့သည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀၀ ကျော်ကျဲချ တိုက်ခိုက်မှု စစ်သား ၁၀ ဦး ထက်မနည်း သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၅

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင်စခန်းကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀၀ ကျော်ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်နည်းသေဆုံးခဲ့ကြောင်း Cloud Wings တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၄ ရက်နေ့မှ စတင်၍ ထိုင်း-မြန်မာနယ်စပ်ရှိ ပိုင်ကလန်ကျေးရွာ ရေတလျောက်ဂိတ်စခန်းမှ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင်စစ်တပ်စခန်းသို့ လက်နက်ခဲယမ်း၊ ရိက္ခာ၊ စစ်ကူပို့ပေးရန် ထွက် လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို စက်တင်ဘာလ ၆ ရက်နေ့မှ စတင်၍ ၁၄ ရက်နေ့အထိ KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်များ ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀၀ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး သေဆုံးစစ်သားများကို ဟောင်သရောမြစ်အတွင်း မျောပစ်ခဲ့ကြောင်း သိရသည်။

“အလောင်း တချို့ကို ရွာသားတွေကတွေ့တာ၊ ပထမတော့ PDF တွေထင်လို့ ပြီးတော့မှ စစ်ခွေးတွေ ဖြစ်နေတယ်လို့ လာပြောတာ၊ ဒီစစ်ကြောင်းက မနေ့က ကျသွားတဲ့ ပိုင်ကလန် ရေတလျောက်စခန်း ကနေ ထွက်လာတာ၊ အဲဘက်က နေ ထိုင်းဘက်ကို ကူးပြီးတော့ ထွက်လာတာ၊ မြန်မာဘက်ခြမ်းကနေ လာရင် လာလို့မရလို့ ထိုင်းဘက် ခြမ်းကို အရင်ကူး၊ ကူးပြီးရင် ကွီလုံတိုင်ကိုလာတာ၊ ကွီလုံတိုင် ရောက် ခါနီးကျမှ ဟောင်သရောမြစ်ကို ပြန်ကူး အဲဒီပုံစံနဲ့ သွားတာ၊ သူတို့ ထိုင်းဘက်နေ မြန်မာဘက်ကို ပြန်ကူး လို့ မနိုင်ခင်မှာပဲ သူတို့ ထွက် လာတဲ့ ပိုက်ကလန်ရေတလျောက်စခန်းကို မနေ့က သိမ်းလိုက်တယ်၊ စစ် ကြောင်းကလည်း အင်အား ၁၀၀ ကျော်ပါလာတာ၊ အခုဆိုရင် ၈၀ လောက်ပဲကျန်တော့တယ်၊ သူက မူလ ရည်မှန်းချက်ဖြစ်တဲ့ ကွီလုံ တိုင်ကိုလည်း စစ်ကူပို့ပေးလို့မရ၊ နောက်ချန်စခန်းကလည်း သိမ်းပိုက် ခံရနဲ့ အခုနောက်ဆုံးသိရ သလောက်ကတော့ မူလထွက်လာတဲ့ ရေတလျောက်ဘက်ကို ပြန်တက်သွားတယ် လို့ သိရတယ်၊” ဟု Cloud Wings တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခမရ – ၃၃၉ ၊ ခမရ – ၅၆၁၊ ခမရ – ၅၅၇ အစရှိသည့် တပ်များပူးပေါင်းထားပြီး စစ်ကြောင်းတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ထိုင်း ဘက်ခြမ်း မှတဆင့် ကားများဖြင့် သယ်ဆောင်သွားကြပြီး သေဆုံးစစ်သားများကို ဟောင်သရောမြစ် အတွင်း မျောပစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ၏ ဦးစီးဦးဆောင်မှု၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF၊ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့မှ ၁၀၇ မမ၊ ၈၁ မမ၊ ၆၀ မမ အစရှိသည့် ဗုံးသီးအလုံးပေါင်း ၂၀၀ကျော်ကို ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ် ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၆ နာရီခွဲခန့်က ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီး မြို့ နယ်၊ ပိုင်ကလန်ကျေးရွာ အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရေတလျောက် ဂိတ်စခန်းကို KNLA ပူး ပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြား ထိခိုက် သေဆုံး ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article