ဒီပဲယင်းမြို့အဝင် ဂိတ်အား ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ ၄ ဦးသေဆုံး၊ သေနတ် ၄ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ဘက်အဝင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Bagan Orge Force – ပုဂံပြည် ဘီဘူးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၁၃ ရက် ည ၁ နာရီခန့်က ဒီပဲယင်းမြို့ အနောက်ဘက် မြို့အဝင်ဂိတ်အား အလစ်အ ငိုက် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်တစ်ဦး၊ တပ်သား ၂ ဦး နှင့် ပျူစောထီး ၁ ဦးတို့ သေဆုံးခဲ့ပြီး MA 1 တစ်လက်၊ G3 တစ်လက်၊ ကာဘိုင် တစ်လက် ၊ 79 မမ တစ်လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ ၄ ဖွဲ့ပဲ တိုက်လာတာ၊ လက်နက်ကလည်း ၄ လက်ရထားတယ်၊ ကျည်အနည်းငယ်နဲ့ 79 ဗုံး ဆံ ပါတယ်၊ စစ်ကူတွေက တိုက်ခိုက်ပြီးလို့ ၁ နာရီကျော်ကျော်လောက်မှ ရောက်လာတာ၊ ရောက်လာ ပြီးတော့ အနီးအနားပတ်ဝန်းကျင်က ရွာတွေကို လက်နက်ကြီးတွေနဲ့ လျှောက်ပစ်တယ်၊ ကျနော်တို့ ရဲဘော် တစ် ယောက် ခြေထောက်ထိသွားတယ်၊ ခြေထောက်ကတော့ ထုတ်ချင်းပေါက်သွားတယ်၊ နောက်ပြီးတော့ ဗိုက်တစ်ချက်ပေါ့၊ ဗိုက်ကတော့ အစ စင်တာပေါ့၊ လူကတော့ စိုးရိမ်စရာမရှိတော့ပါဘူး။ စိတ်ချရတဲ့ အနေအထားကို ရောက်သွားပါပြီဗျ” ဟု Bagan Orge Force – ပုဂံပြည် ဘီဘူးတပ်မှ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Bagan Orge Force – ပုဂံပြည် ဘီဘူးတပ် ၊ အဖြူရောင်ဒီပဲယင်းပကဖ၊ ရန်ကြီး အောင် PDF (ဒီပဲယင်း)နှင့် ညောင်ဦးခရိုင် တပ်ရင်း ၅ တပ်ခွဲ ၂ ရဲဘော် ညီနောင်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။