32 C
Yangon

ပေါင်မြို့နယ်တွင် နယ်ထိန်း ရဲ ၁ ဦး ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် စစ်တပ်က ဥတ္တံတာရွာသား ၁၅ ဦး အကြောင်းမဲ့ ဖမ်းဆီးသွား

Must read

ပေါင်မြို့နယ်တွင် နယ်ထိန်း ရဲ ၁ ဦး ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် စစ်တပ်က ဥတ္တံတာရွာသား ၁၅ ဦး အကြောင်းမဲ့ ဖမ်းဆီးသွား

ရန်ကုန်၊ စက်တင်ဘာ ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် နယ်ထိန်း ရဲ ၁ ဦး ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က ဥတ္တံတာ ရွာသား ၁၅ ဦး အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် ပေါင်မြို့နယ် ရဲစခန်းမှ နယ်ထိန်းရဲတပ်သား ၁ ဦးသည် မိုးနှိုင်းရပ်ကွက်မှ ဆိုင်ကယ်ဖြင့် ပြန်လာစဥ် မိုးနှိုင်းရပ်ကွက်နှင့် ပေါင်းရပ်ကွက် အကြားရှိ စမ်းညီနောင်ချောင်း အဝေးပြေး လမ်းမကြီး တံတားပေါ်၌ အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်ထိန်းရဲတပ်သား ပစ်သတ်ခံရပြီးနောက် စစ်တပ်က စက်တင်ဘာလ ၅ ရက်နေ့တွင် ဥတ္တံတာကျေးရွာသား ၁၅ ဦးကို ဖမ်းဆီးသွားကြောင်း၊ လက်ရှိချိန်ထိ စစ်တပ်က ဖမ်းဆီးသွားသည့် ပြည်သူ ၁၅ ဦးကို မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရှိရသေး​ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

” ဖမ်းဆီးခံရသူတွေရဲ့ မိဘတွေကို စစ်ခွေးတွေက စစ်ဆေးပြီး ပြန်လာပို့မယ် ပြောပြီး ခေါ်ဖမ်းသွားတာ မိဘတွေက ပေါင်ရဲစခန်း လိုက်တာ စခန်းမှာ မရှိတော့ဘူးလို့ သိရတယ်။ ဘယ်ခေါ်ဆောင် သွားလဲဆိုတာလည်းမသိရဘူး။ ဖမ်းဆီးခံရတဲ့ သူတွေက အသက် ၁၆ ၊ ၁၇ အရွယ်တွေပဲ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article