33 C
Yangon

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်လက် အတည်ပြု ထားရှိရေး အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် မြန်မာ ပြည်သူ များက ထောက်ခံ ချီတက် ဆန္ဒပြ

Must read

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်လက် အတည်ပြု ထားရှိရေး အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် မြန်မာ ပြည်သူ များက ထောက်ခံ ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၇

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ Dag Hammerskjold Plaza (E47th St & 1st Ave, NY, NY 10017) တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်လက် အတည်ပြု ထားရှိရေးအတွက် UN CREDENTIALS CAMPAIGN အဖြစ် Our Ambassador, Our Voice ကြွေးကြော်သံဖြင့် မြန်မာ လူထုက ယနေ့ ထောက် ခံ ချီတက် ဆန္ဒပြကြသည်။

အဆိုပါ ချီတက်ပွဲတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG အစိုးရ အဖွဲ့မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့ က အမှာစကား ပြောကြား ခဲ့ကြောင်း၊ ထို့နောက် ပွဲကျင်းပရေး တာဝန်ရှိသူတို့မှ UN CREDENTIALS CAMPAIGN အကြောင်းရှင်းလင်းတင်ပြခြင်း တက်ရောက်လာသော ပြည်နယ် အသီသီး၊အဖွဲ့အစည်းအသီးသီးရှိကိုယ်စားလှယ်များတို့က တော်လှန်ရေး နှင့် ဆိုင်သော သဘောထားရပ်တည်ချက် တင်ပြဆွေးနွေးခြင်း တို့ကိုပြုလုပ်ခဲ့ ကြကြောင်း သိရှိရသည်။

ကုလသမဂ္ဂတွင် မြန်မာပြည်သူများကိုယ်စားပြု ဦးကျော်မိုးထွန်းဆက်လက် တည်ရှိ ရေး အပြင်၊ တရားဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်း လုပ်ဆောင် နေသော စစ်အကြမ်းဖက်အုပ်စုအား နိုင်ငံတကာမှ ပယ်ကျဉ်ကာ၊ စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်ကူညီ ပေးကြရန်၊ တောင်းဆိုခဲ့ကြသည်။

UN ရုံးချုပ်အနီးသို့ရောက်ရှိလာသော ဆန္ဒပြစစ်ကြောင်းက မြန်မာတိုင်း ရင်းသား ပြည်သူများ ကို နယူးယောက်ဒေသခံ အလှုရှင်များမှ နေ့လည်စာ များဖြင့် ဧည့်ခံကျွေးမွေးဝေငှခဲ့ပေးခဲ့ကြကြောင်း၊ ထို့နောက် UN ရုံးချုပ်ရှေ့မှ နယုးယောက်မြို့လယ်ရှိ Time Square ရင်ပြင်သို့ နယူးယောက်မြို့လယ် ကိုဖြတ်သန်းကာ အမေရိကန်ပြည်ထောင်စု တဝှမ်းရှိ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံမှ ကြွေးကြော်သံများဟစ်ကြွေးကာ ချီတက်ခဲ့ကြသည်။

ယနေ့ လူထုချီတက်ဆန္ဒပြပွဲကို နယူးယောက်မြို့ရှိ NYCBCအဖွဲ့က ဦးဆောင် ကာ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးရှိ မြန်မာပြည်ဖွားတိုင်းရင်း သား များ ထောင်နှင့်ချီတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

Photo by – Kyaw Soe Latt, Terry Win, Moe War War Moe, Khun Phyo, Htoo Nyi

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article