33 C
Yangon

ကလေးဝမြို့နယ်၊ ကဇက်ရွာကို စစ်သင်္ဘောအုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

Must read

ကလေးဝမြို့နယ်၊ ကဇက်ရွာကို စစ်သင်္ဘောအုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ကဇက်ရွာကို အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်း ကလေးဝမြို့နယ်၊ ကဇက်ရွာကို အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘောအုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” မနေ့ နံနက်ပိုင်း ကလေးဝမြို့ကို ဆန်တက်လာတဲ့ စစ်ခွေး ရေယာဥ်အုပ်စုက ကဇက်‌ရွာ ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၅ ဦး ထိတယ်။ ၃‌ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားပါတယ်။ ၂ ဦးကတော့ ဒဏ်ရာ ပြင်းထန်တယ် ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်သင်္ဘောအုပ်စုသည် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မော် လိုက် မြို့ကို ရောက်ရှိသွားပြီး စစ်သင်္ဘော ၂ စီးနှင့် ရိက္ခာတင် သင်္ဘော ၄ စီး ပါဝင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article