မိတ္ထီလာမြို့ပေါ်တွင် တော်လှန်ရေး ရဲဘော်များက အသံမိုင်းခွဲ၍ မြို့ပြ စစ်ဆင်ရေးများ စတင်မည်ဟု ပြည်သူများထံ အသိပေး
ရန်ကုန်၊ စက်တင်ဘာ ၂၇
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ်တွင် တော်လှန်ရေး ရဲဘော်များက အသံမိုင်းခွဲ၍ မြို့ပြ စစ်ဆင်ရေးများ စတင်မည်ဟု ပြည်သူများထံ အသိပေးခဲ့ကြောင်း မိတ္ထီလာ ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံ သို့ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၂၇ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က မိတ္ထီလာမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မိတ္ထီလာအကျဉ်းထောင်လမ်းကြား၌ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မိတ္ထီလာအကျဉ်းထောင်အတွင်း၌ မတရား ဖမ်းဆီးခံရပြီး အကျဉ်းကျနေသော နိုင်ငံရေးသမားများကို ထောင်အပြင်ဘက်ရှိ တော်လှန်ရေး လူငယ်များမှ တော်လှန်ရေး ဆက်လုပ်နေကြောင်း၊ ထောင်တွင်း၌လည်း အားမငယ်ကြရန် အားပေး သည့်အနေဖြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲအသိပေး၍ အားပေးစကားပြောခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
“ဖောင်တော်ဦး ဘုရားပွဲတော်ရှိနေတော့ ပြည်သူတွေ မထိခိုက်အောင် အသံမိုင်းပဲ ခွဲခဲ့တာပါ၊ စစ်ခွေး တွေဘက်ကတော့ ပိတ်ဆို့စစ်ဆေးတာတွေရှိပါတယ်၊ ထိရောက်တဲ့မစ်ရှင်တွေ ပူးပေါင်းလုပ်ဆောင် တော့မှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စစ်တပ်စခန်း၊ ကင်းစခန်းတွေနဲ့ ဝေးဝေးနေပေးခြင်းဖြင့် ကူညီ ပါ၊မစ်ရှင်လုပ်ဆောင်ဖို့အတွက် ငွေကြေးလဲလိုအပ်ပါတယ်၊ အဲဒီအတွက်လည်း မိဘပြည်သူတွေပူးပေါင်း ကူညီပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်” ဟု မိတ္ထီလာပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ် ၄ မြို့နယ်အတွင်းရှိ တော် လှန် ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး မိတ္ထီလာမြို့အား စစ်ရေးအရှိန်မြှင့်လုပ်ဆောင် သွားမည်ဖြစ်ဖြစ်ကြောင်း Meiktila People Defence Force မှ ထုတ်ပြန်ထားသည်။