29 C
Yangon

PDF များကို ဖမ်းဆီး သတ်ဖြတ်ခဲ့သူများ၊ တပ်နှင့်ရဲထိပ်ပိုင်းအရာရှိများ၏ သဘောကျ နှစ်ခြိုက်မှု ရရှိသူများ အပါအဝင် ရဲအရာရှိ ၉၂ ဦးကို ရာထူးတိုးပေး

Must read

PDF များကို ဖမ်းဆီး သတ်ဖြတ်ခဲ့သူများ၊ တပ်နှင့်ရဲထိပ်ပိုင်းအရာရှိများ၏ သဘောကျ နှစ်ခြိုက်မှု ရရှိသူများ အပါအဝင် ရဲအရာရှိ ၉၂ ဦးကို ရာထူးတိုးပေး

ရန်ကုန်၊ စက်တင်ဘာ ၂၈

အကြမ်းဖက်စစ်ကောင်စီက PDF များကို ဖမ်းဆီး သတ်ဖြတ်ခဲ့သူများ၊ တပ်နှင့်ရဲထပ်ပိုင်း အရာရှိကြီးများ၏ သဘောကျ နှစ်ခြိုက်မှု ရရှိသူများ အပါအဝင် စုစုပေါင်း ရဲ အရာရှိ ၉၂ ဦးကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် ရာထူးတိုးပေးမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ရာထူးတိုးပေးမည့် ရဲ ၉၂ ဦး၏ နောက်ကြောင်းရာဇဝင်များကို ကောက်ယူ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ၊ ရာထူးတိုးပေးမည့် ရဲများတွင် ရဲမှူး ၂ ဦး၊ ဒုရဲမှူး ၅ ဦး၊ ရဲအုပ် ၂၆ ဦး၊ ဒုရဲအုပ် ၅၄ ဦး၊ ရဲအရာခံ ၄ ဦး၊ ဦးစီးအရာရှိ ၁ ဦးစုစုပေါင်း ၉၂ ဦးတို့ကို ရာထူးပေးရန် အတွက် ဌာနတွင်း စိစစ်နေကြောင်း၊ ထိုသို့ ရာထူးပေးမည့် သူ ၉၂ ဦး အမျိုးအစားပုံစံ ၃ မျိုးခွဲခြားနိုင်ကြောင်း သိရှိရသည်။

ရာထူးတိုးမည့် ရဲအရာရှိ ၉၂ ဦးတွင် PDF များကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူများ၊ အထက်လူကြီး သဘောကျ နှစ်ခြိုက်မှု ရရှိထားသည့် ရုံးစာရေး ရဲများ၊ ရဲအရာရှိကြီးများနှင့် လူမှုရေးပတ်သက်နေသည့် ရဲမေနှင့် အရာရှိများ ပါဝင်ကြောင်း၊ ဌာနပေါင်းစုံမှ ရဲများ ပါဝင်ကြောင်း သိရှိရသည်။

“လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ ရာထူးတိုးပေးမယ့်သူတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အသတ်ဖြတ်နိုင်ဆုံးနဲ့ PDF တွေထံကနေ လက်နက် ခဲယမ်း၊ စခန်းတွေကို စစ်တပ်နဲ့ပေါင်းပြီး ဖျက်ဆီးနိုင်လို့ ရာထူးတိုးပေးခံရမယ့်သူတွေ။ ဒီလူတွေကို PDF တွေက သေသေချာချာကို မှတ်သားထားရမယ့်သူတွေပါ။ နောက် ရာထူးတိုးပေးမယ့် သူတွေကတော့ .ဦး.ရေး.ထောက်.မဥန.ထူး.ရလန..နဲ့ ဒုရဲချုပ်ရုံးအဖွဲ့တွေမှာ အမှုထမ်းနေသူတွေ၊ ရဲချုပ်ရုံးမှာနေတဲ့ လူကြီးဘောမတွေပါ။ တချို့ဆို လူကြီး PSO တွေ၊ ရုံးအဖွဲ့၊ ယာဥ်မောင်းတွေပါပါတယ်။ သူတို့တွေက လူကြီးအရှိန်နဲ့ ရာထူးတွေတိုးပေးနေကြတဲ့အတွက်

ဥပမာ-အပတ်စဉ် ၁၉ က ရဲအုပ် ရဲလင်းထိုက်ဆိုရင် မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်ရဲ့ PSO ပါ။ စိန်လွင်ဆိုရင် ပြုတ်သွားပြီလေ။ ရာထူးတိုးမယ့် တချို့ ရဲမေအရာရှိလေးတွေကတော့.အရာရှိကြီးတွေ ခြေတော်တင်ခံရသူတွေပါ” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

ရာထူးတိုးမြှင့်ပေးသူများတွင် မတရ (ခေါ်) မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ယထ (ခေါ်)ယာဥ်ထိန်းတပ်ဖွဲ့၊ ရနရ (ခေါ်) ရေနံမြေရဲတပ်ဖွဲ့၊ မယတ (ခေါ်)

မူးယစ်အထူးတပ်ဖွဲ့၊ စကရ (ခေါ်) စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မကရ (ခေါ်) မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ပခရ (ခေါ်) ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့

၊ နပရ (ခေါ်) နေပြည်တော်တိုင်းရဲတပ်ဖွဲ့၊ ရကရ (ခေါ်) ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ သတရ (ခေါ်) သတင်းရဲတပ်ဖွဲ့ ၊ နရခ (ခေါ်) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရခရ (ခေါ်) ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့တို့မှ ရဲများ ပါဝင်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီထိုသို့ ညီမျှခြင်းမရှိသော ရာထူးတိုးပေးမှုများကို လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များ အကြား ကျေနပ်မှုမရှိကြဘဲ တချို့သော ရဲတပ်ဖွဲ့ဝင်များမှာ တော်လှန်ရေး အင်အားစုများကို ကူညီကြမည့် ဖရဲသီးများအဖြစ် စိတ်အား ထက်သန် ကူးပြောင်းလာကြကြောင်း သိရှိရသည်။

(Facebook လူမှုကွန်ရက်၏ စံချိန်စံညွှန်းများအရ ရာထူးတိုးမည့်ရဲများ၏ နာမည်များကို မဖော်ပြ နိုင်ဘဲ အသေးစိတ် အချက်အလက်များကို ရန်ကုန် ခေတ်သစ်၏ တယ်လီဂရမ်တွင်သာ သွားရောက် ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article