30 C
Yangon

ပြည်သူ့ဘက်တော်သား စစ်သားတွေအနေနဲ့ မင်းအောင်လှိုင် စစ်တပ်ကို စွန့်ခွာ CDM လုပ်ပြီး ဩစ တြေးလျ နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံတွေမှာ ခိုလှုံခွင့် လျှောက်ထား သွားနိုင်မယ့် နည်းလမ်းတွေ

Must read

ရန်ကုန်၊ မတ် ၂၁

အကြမ်းဖက် မင်းအောင်လှိုင်စစ်တပ်ကို စွန့်ခွာ CDM လုပ်‌ပြီး ဩစတြေးလျနိုင်ငံကို ထွက်ခွာ ခိုလှုံခွင့်ရမယ့် နည်းလမ်းတွေကို ပြည်သူ့ရင်ခွင် အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ပထမဦးအနေနဲ့တော့-

၁- စစ်တပ်ထဲက ထွက်ပါ ။

ဘာအကြောင်းပြချက်မှ ထပ်မပေးတော့ဘဲ ပြ်ညသူတွေကို နေ့စဉ်ရက်ဆက် ညှဉ်းပန်းနေတဲ့ အဖွဲ့အစည်းကို စွန့်ခွာပါ။

၂- ပြည်သူ့ရင်ခွင်တွင် စာရင်းသွင်းပါ။

လိုအပ်အချက်အလက်တွေကို မှန်ကန်စွာ ပေးပြီး အစိစစ်ခံပါ။ CDM ကုတ်ကို စောင့်ယူပါ။

၃- နီးစပ်ရာနိုင်ငံသို့ နယ်စပ်မှတစ်ဆင့်သွားပါ။

လွတ်မြောက်နယ်မြေ သို့မဟုတ် ပြည်သူ့ရင်ခွင်အဖွဲ့၏ ကူညီမှုဖြင့် သွားရောက်ပြီး ယင်းမှတစ်ဆင့် အခြားတစ်နိုင်ငံသို့ ကူးပါ။

၄- UNHCR ထံ ဆက်သွယ်ပါ။

မိမိကိုယ်ရေးအချက်အလက် အပြည့်အစုံနှင့် လိုအပ်သည့်အကူအညီကိုဖော်ပြပြီး အီးမေးလ်မှ တစ်ဆင့် ဆက်သွယ်ပါ။

အထူးသတိပြုရန်မှာ ပြည်ပနိုင်ငံတွေမှာ ခိုလုံခွင့်ရရှိဖို့ မိမိကိုယ်တိုင် လျှောက်ထားရမှာ ဖြစ်ပါတယ် လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်မျှဝေထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article