ရန်ကုန်မြို့လယ်ခေါင် လသာမြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်းနေသည့် စီးပွားရေး သမား ဥာဏ်လွင်အောင် ထမင်းကြော်စားနေစဉ် ပစ်ခတ်ခံရပြီး သေဆုံး
■ စစ်တပ်၏ စီးပွားရေးထောက်တိုင် လုပ်ငန်းရှင်တိုင်းကို စာရင်း ပြုစုထားပြိး အခွင့်အခါသင့်တိုင်း အရေးယူမည်
ရန်ကုန်၊ အောက်တိုဘာ ၃
ရန်ကုန်တိုင်း၊ လသာမြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်းနေသည့် စီးပွားရေး သမား ဥာဏ်လွင် အောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Urban Owls မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် လသာမြို့နယ်၊ ၂ ရပ်ကွက်၊ အနော်ရထာ လမ်းနှင့် ၁၇ လမ်းထိပ်ရှိ “ဖက်တီးမ” ထမင်း ကြော်ဆိုင် တွင် စစ်တပ်နှင့်ပူးပေါင်းနေသည့် ဥာဏ်လွင် အောင် ကို Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့ က ရန်ကုန်မြို့လယ်ခေါင်တွင် ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် ဉာဏ်လွင်အောင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
စစ်တပ်အသိုင်းအဝိုင်းထဲတွင် ကိုဥာဏ်ဟု သိကြသည့် ဥာဏ်လွင်အောင်သည် ကာကွယ်ရေး ဝန်ကြီးဌာနအတွက် နာမည်ခံကာ လိုအပ်သော ပစ္စည်းများဝယ်ယူပေးနေကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် ပူးပေါင်းကာ ပြည်သူများအပေါ်ဖိနှိပ်ရန်ရည်ရွယ်ဆောင်ရွက်နေသည့် Facial Recognition System ပါ CCTV များ တင်သွင်းခွင့်ရရှိထားသူဖြစ်ကြောင်း၊ ဥာဏ်လွင်အောင် သည် နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်၂၄ ၊ ပြည်ထဲရေးဝန်ကြီးဌာနရုံး အမှတ် ၄၉ နှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံး တို့သို့အတားအဆီးမရှိ ဝင်ထွက်ခွင့်ရထားသူဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် သေဆုံးသူ ဉာဏ်လွင်အောင်သည် အာဏာသိမ်းစစ်တပ်ကို အပြည့်အဝထောက်ခံ သည့် အပြင် ရုရှား သို့ မြန်မာစစ်တပ်ကိုယ်စားလှယ်များနှင့်အတူခရီးသွားခွင့်ရခဲ့သူဖြစ်ပြီး ရုရှား ကာကွယ် ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးနှင့်လည်း ရင်းနှီးသူဖြစ်ကြောင်း၊ စစ်တပ်အာဏာ သိမ်းခြင်းကို အပြည့်အ၀ ထောက်ခံရုံသာမက လူမှုကွန်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ဆဲဆိုခြင်း၊ ၎င်း၏ ဝန်ထမ်းများကို စစ်တပ် ၏ သစ္စာ အဓိဋ္ဌာန် ၄ ချက်ကို ရွတ်ခိုင်းသူဖြစ်ကြောင်း သိရှိရသည်။
အလားတူ Urban Owls မြီု့ပြပြောက်ကျားတပ်ဖွဲ့၏ ထောက်လှမ်းရရှိ ထားသော အချက်အလက် များအရ ဉာဏ်လွင်အောင်သည် မြန်မာနိုင်ငံအပြင် ထိုင်း၊ တရုတ်၊ ရုရှားနှင့် UAE နိုင်ငံများတွင် North Gate Engineering and Technology အမည်ဖြင့် လုပ်ငန်းခွဲများ ဖွင့်လှစ်ကာ ငွေကြေး ခဝါခမှု ချောမွေ့စေရန် Well and Fair ပြည်ပ ခရီးသွားကုမ္ပဏီတစ်ခုကိုလည်း ထူထောင် ထားကြောင်း သိရှိရသည်။
” ဒီကောင်က စစ်တပ်အာဏာသိမ်းတာကိုပေါ်ပေါ်တင်တင်ထောက်ခံတဲ့ လုပ်ငန်းရှင် တွေထဲက တစ်ယောက်ပဲ ပြည်သူတွေလည်း ဒီကောင်ဘယ်လို ကောင်စားလဲ ဆိုတာ နောက်နေ့ကျရင်ထပ် သိရမှာပါ၊ လူမှုကွန်ယက်မှာလည်း တော်လှန်ရေး အဖွဲ့တွေကို စကစ အလိုကျ အကြမ်းဖက်လို့ အမြဲသုံး စွဲသလို သူ့ကုမ္မဏီက ဝန်ထမ်းတွေကို စစ်တပ်မှာရွတ်ရတဲ့ သစ္စာအဓိဌာန်ကိုပါ နေ့ တိုင်း ရွတ်ခိုင်းတဲ့ကောင် ၊ အနေအထိုင်သိုသိပ်တာရယ် နာမည်မထွက်အောင် နေတတ်တာရယ်ကြောင့် ဒီကောင်ကလွတ်နေတာ ကျွန်တော်တို့ ကာလကြာ ရှည် စုံစမ်းထောက်လှမ်းအတည်ပြုပြီးမှ ဒီမစ်ရှင် ကို အကောင်ထည် ဖော်ခဲ့ကြတာပါ။ စစ်တပ်ကို အကျိုးပြုနေတဲ့ စစ်တပ်နဲ့ပေါင်းပြီး ပြည်သူကို ဖိနင်း စီးပွားရှာမယ့် ခရိုနီလက်သစ်တွေ အတွက် ပထမဆုံး သင်ခန်းစာ ဖြစ်ပါမယ်။ ကျွန်တော် တို့ပေးချင်တဲ့ သတင်းစကားက ခင်ဗျားတို့ အားကိုး တဲ့စစ်တပ်ကို တောင် ပြည်သူတွေက မရှိ ရှိတာပုံအောပြီး တိုက်နေကြတာ ခင်ဗျားတို့ ကျွန်တော်တို့လက်က ဘယ်တော့မှ ပြေးမလွတ်စေရဘူး ” ဟု Urban Owls တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
စစ်ကောင်စီနှင့် အပြည့်အ၀ ပူးပေါင်းနေသည့် ဆိုးကျိုးများကို နားလည် ထားရန် လိုအပ်ပြီး လျှပ်စစ်ကားမှ စ၍ လက်နက်များ တင်သွင်းသည်အထိ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းနေသော လုပ်ငန်းရှင် များကို စာရင်းစု ဆောင်း ထားပြီး အခွင့်အခါ သင့်သည့်အခါအတိုင်း အရေးယူသွား မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့က သတိပေးထားသည်။