နွားထိုးကြီး – တောင်သာလမ်းပေါ်တွင် အိမ်စီးကားများဖြင့် ထွက်လာသော စစ်သားများကို မိုင်း ဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၆
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-တောင်သာလမ်းပေါ်တွင် အိမ်စီးကားများဖြင့် ထွက်လာ သော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ – နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် တောင်သာမြို့မှ နွားထိုး ကြီး မြို့ဘက်သို့ အိမ်စီးကား ၃ စီးကို အသုံးပြုကာ အကြမ်းဖက်စစ်သား ၂၀ ဦးခန့် စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းကို နွားထိုးကြီး – တောင်သာ လမ်းပိုင်း တစ် နေရာအရောက် ပဒေသာမိုင်း ၁၀ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက် စစ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိကာ ကားတစ်စီး ပျက်စီးခဲ့ ကြောင်း သိရသည်။
“အိမ်စီးကားတွေ အသုံးပြုပြီးထွက်လာတာပါ၊ အားလုံး ၂၀ လောက်ပါပါတယ်၊ မိုင်း ၁၀ လုံး အသုံးပြု တိုက်ခိုက်ခဲ့တာပါ၊ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ တွေလည်းရှိပါတယ်၊ ကားတစ်စီး ဆီတိုင်ကီ ပေါက်ပျက်စီးသွားတယ်လို့ သိရပါ တယ်” ဟု မြင်းခြံခ ခရိုင် တပ်ရင်း ၄ – နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်မိုင်းဆွဲတိုက်ခိုက်မှုကို Natogyi People Defense မြင်းခြံခရိုင် အမှတ်_၄ တပ်ရင်းမှ တပ်ဖွဲ့ ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ယမန်နှစ် ကရင်နီပြည်နယ်တွင် မိုင်းဆွဲခံရသည့် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
