30 C
Yangon

တောင်ငူမြို့နယ်၊ ကြို့ပင်ဆိပ်ရွာရှိ စစ်တပ် ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

Must read

တောင်ငူမြို့နယ်၊ ကြို့ပင်ဆိပ်ရွာရှိ စစ်တပ် ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၇

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာအုပ်စု၊ ကြို့ပင်ဆိပ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၅ နာရီခွဲခန့်က တောင်ငူမြိုနယ်၊ အနောက်ရိုးမ စပါးကြွယ်ကျေး ရွာအုပ်စု၊ ကြိုပင်ဆိပ်ရွာ၌ အထိုင်ချထားသော အကြမ်းဖက် စစ်တပ် ကင်းစခန်းကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၃ နာရီခန့် အကြာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအ တွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကူများရောက်ရှိလာသဖြင့် စခန်းသိမ်းပိုက်နိုင်ခဲ့ ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“အဲဒီစခန်းမှာက အင်အား ၃၀ နဲ့ ၅၀ ဝန်းကျင်ကြားလောက်ရှိတယ်လို့ ခန့်မှန်းသိရှိရပါတယ်၊ ခွေးသေ ဆုံးမှုက မျက်မြင်လည်းသိရှိရသလို ဒေသနေပြည်သူတွေရဲ့ ပြောကြားချက်နှစ်ခုကို အခြေခံပြီးတော့ ထုတ်ပြန်ပေးလိုက်တာပါ၊ စစ်ကူက အနီးအနားမှာလည်း အထိုင်တပ်တွေလည်းရှိတယ်၊ ရှေ့တန်းကင်းစ ခန်းတွေလည်းရှိတယ်၊ ပြီးတော့ တိုက်ပွဲဖြစ်တာကလည်းကြာသွားတော့ စစ်ကူတွေရောက်ရှိလာတာပါ၊” ဟု Bago Region PDF မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ ၊ တပ်ခွဲ ၁ နှင့် တပ်ခွဲ ၅ ပူးပေါင်းအဖွဲ့ စစ်ကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး မစိုးရိမ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article