29.1 C
Yangon

ရန်ကုန်ဒဂုံဆိပ်ကမ်းတွင် ပြည်သူ ၂ ဦးက လမ်းမပေါ်ထွက်၍ မင်းအောင်လှိုင်၊ စစ်သားများနှင့်စစ်တပ်ကို ငါကိုင်တုပ်၍ ဆဲဆို ဆန္ဒပြသဖြင့် အဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရ

Must read

ရန်ကုန်၊ မတ် ၂၂

ရန်ကုန်ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပြည်သူ ၂ ဦးက လမ်းမပေါ်ထွက်၍ မင်းအောင်လှိုင်၊ စစ်သားနှင့်စစ်တပ်ကို ငါကိုင်တုပ်၍ ဆဲဆို ဆန္ဒပြသဖြင့် ဖမ်းဆီးခံလိုက်ရကြောင်း သိရှိရသည်။

မတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်မချိန် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ၁၆၈ ရပ်ကွက် ရိုးမရိပ်သာလမ်းပေါ်တွင် ကိုဇော်ဇော်ဇင် (ခ) ရွှေမန်း အသက် ၂၇ နှစ်၊ ကိုရဲသူမောင်(ခ)ဒစ်ဒစ် အသက် ၂၁ နှစ် တို့ ၂ ဦးတို့က “မင်းအောင်လှိုင် ငါ———–သား၊ ငါ—မ စစ်သားတွေ ၊ ကိုယ်မေ——— ကိုယ် —– စစ်တပ် “ဟု ဆဲဆိုပြီး “စစ်အာဏာရှင် ကျဆုံးရေး ဒို့အရေး” ဟူ၍ နှစ်ယောက်သား သံပြိုင် ကြွေးကြော် ဆန္ဒပြကြကြောင်း၊ ယင်းနောက် အကြမ်းဖက်စစ်ကောင်စီက လာရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

မတ်လ ၂၁ ရက်နေ့တွင် စစ်တပ်က ကိုဇော်ဇော်ဇင်(ခ) ရွှေမန်း နှင့် ကိုရဲသူမောင်(ခ) ဒစ်ဒစ်တို့ကို နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ-မင်းအောင်လှိုင်ကို အခေါင်းပုံစံဖြင့် သဂြိုလ်ဆန္ဒပြမှု မြင်ကွင်း။(ပုံအဟောင်း)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article