မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မြိုင်မြို့နယ်တွင် ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၈
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း CDSOM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ကင်းထွက်ပြီး ပြန်လာ သော ကျောက်ရစ်စခန်းမှ အကြမ်းဖက် စစ်သား ၃၀ ဝန်းကျင်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မောင်းသူမဲ့လေယာဉ် ၃ စင်းကို အသုံးပြု၍ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု များပြားနိုင်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မှု အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို CDSOM ၀၀၁ ဒရုန်းအဖွဲ့ ၊ မြောင်မြို့နယ် ပလဖ ၊ PDF-Taloke ၊ WILD BIRD ကောလင်းအဖွဲ့ ၊ LACR (မြင်းခြံ) ၊ YOUNG MAN (မြင်းခြံ) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Pakokku North PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၈ နာရီ ခန့်တွင် မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက Rocket များ ၄၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ငယ်၊ စက်ကလေး၊ ၆၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
” စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ စုံစမ်းဆဲပါပဲ။ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Pakokku North PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းမှ ရွှေဓါးဗိုလ်ပြောက်ကျားတပ်ဖွဲ့၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ သိန်းငှက်နီပြောက်ကျားတပ်ဖွဲ့နှင့် Pakokku North PDF၊ မြိုင်ပကဖ နဂါးနီ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။