28 C
Yangon

ဖြူးမြို့နယ်၊ နန္ဒမိတ်ကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲ၍ ကလေး ၁ ဦး အပါအဝင် မိသားစုဝင် ၄ ဦး ဒဏ်ရာရ

Must read

ဖြူးမြို့နယ်၊ နန္ဒမိတ်ကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲ၍ ကလေး ၁ ဦး အပါအဝင် မိသားစုဝင် ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၁

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ နန္ဒမိတ်ကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးငယ် ၁ ဦး အပါအဝင် လူ ၄ ဦး ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန် ဖြူးမြို့နယ်၊ နန္ဒမိတ်ကျေးရွာ သို့ ခမရ ၄၃၉ တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း၊ ထို့နောက် လက် နက်ကြီးကျည်တစ်လုံးသည် နန္ဒမိတ်ကျေးရွာအတွင်းသို့ ကျရောက်ပြီး ကလေး ငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၄ ဦးကို ထိမှန်ကြောင်း၊ တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး စိုးရိမ်ရကြောင်း သိရှိရသည်။

“မိသားစု ၄ ဦးနေတဲ့ အိမ်ပေါ်ကို လက်နက်ကြီးကျတာပါ။ မနေ့ည ၁၀ နာရီ ဝန်းကျင်က ။ ပစ်တာက ခမရ ၄၃၉ ဘက်က ပစ်တာ။ စစ်တပ်က ပစ်တာ။ ဟိုအရင်နေ့တွေကလည်း အဲဒီလိုပဲ ခမရ ၄၃၉ ကပစ်နေတာ။ ရမ်းသမ်းပြီး လိုက်ပစ်နေတာပါ။ ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးမှာ ကလေး ၁ ဦးနဲ့ ကလေး မိခင်က ဒဏ်ရာ အထိနည်းတယ်။ အဘွားနဲ့ အဘိုးကတော့ ဒဏ်ရာပြင်းတယ်။ အဘိုးက စိုးရိမ်နေရတယ်။ ” ဟု ဒေသပြည်သူတစ်ဦး ကပြောဆိုသည်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် စစ်တပ်က ညစဉ် လက်နက်ကြီးများဖြင့် ကျေးရွာသို့ ပစ်ခတ်နေသည့်အပြင် လမ်းပန်းဆက်သွယ်ရေးများကို ဖြတ်တောက်သည့် အနေဖြင့် လမ်းများကို မြေကော်စက်၊ ဘူဒိုဇာများဖြင့် စစ်တပ်က ဖျက်ဆီး ဖြတ်တောက်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article