26 C
Yangon

မော်လမြိုင် – ကျိုက်မရော ကားလမ်းဘေးရှိ ဆောက်လက်စ အကျဉ်းထောင်သစ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမိုး၊ မျက်နှာကျက်နှင့် မှန်များ ထိခိုက်ပျက်စီး

Must read

မော်လမြိုင် – ကျိုက်မရော ကားလမ်းဘေးရှိ ဆောက်လက်စ အကျဉ်းထောင်သစ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမိုး၊ မျက်နှာကျက်နှင့် မှန်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မော်လမြိုင် -ကျိုက်မရော ကားလမ်းဘေးရှိ ဆောက်လက်စ အကျဉ်းထောင်သစ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမိုး၊ မျက်နှာကျက်နှ့င်မှန်များ ထိခိုက်ပျက်စီးခဲ့ကြောင်း Lion Battalion Commando Special Forces -ဗျူဟာစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ မော်လမြိုင်- ကျိုက်မရော ကားလမ်းမဘေး မင်းရွာကျေးရွာရှိ အသစ် ဆောက်လုပ်လျက်ရှိသော အကျဉ်းထောင်ကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကျဉ်း ထောင် ဗဟိုကင်း အနောက်ဘက်နှင့် သုံးထပ်ဆောင် ဗဟိုကင်းပေါ်တို့၌ ကျရောက်ပေါက်ကွဲခဲ့ပြီး အမိုး၊ မျက်နှာကျက်နှင့် မှန်ထားထိခိုက်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေ ဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Lion Battalion Commando Special Forces – ဗျူဟာစစ်ကြောင်း တပ်ခွဲ ၂ နှင့် ဂဠုန်စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မော်လမြိုင်မြို့တွင် အကျဉ်းထောင်များ တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ လိုအပ်သလို Drone စစ်ဆင်ရေးများကို ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း Lion Battalion Commando Special Forces – ဗျူဟာ စစ်ကြောင်း တာဝန်ရှိသူက ပြောဆိုသည်။

ယင်းအကျဉ်းထောင်သည် ၂၀၂၂ ခုနှစ် မှ စတင် ဆောက်လုပ်နေသောအကျဉ်းထောင်ဖြစ်ပြီး မော်လမြိုင် အကျဉ်းထောင်ကြီး၌ အကျဉ်းသားဦးရေ များပြားလွန်းသဖြင့် ခွဲထားရန် အကြမ်းဖက်စစ်ကောင်စီ က စီစဉ် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article