29 C
Yangon

ငါန်းဇွန်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ဝေါမြို့နယ်တွင် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး

Must read

ငါန်းဇွန်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ဝေါမြို့နယ်တွင် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၇

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပြည်တော်ဝင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက နတ်ကြီးရွာနှင့် ထနောင်းကုန်းရွာ အကြား မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်တော်ဝင်ပြောက်ကျားတပ်ဖွဲ့ ၊ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြင်းခြံခရိုင် တပ်ရင်း ၇ တပ်ခွဲ ၁ ငါန်းဇွန် မီးနဂါးပြောက်ကျားအဖွဲ့ ၊ TGYR ပျောက်ကျားအဖွဲ့ ၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့ ၊ 925 ပျောက်ကျားအဖွဲ့ ၊ လက်ရုံးပျောက်ကျားအဖွဲ့ ၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့ နှင့် ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ဝေါမြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စု၌ တပ်စွဲထားသော စစ်သားများသည် အုတ်ဖို ၁ ကမ်းနားဆိပ် ဇရပ် တွင် သဲအိတ် ဘန်ကာ၌ ရှိနေစဥ် တော်လှန်ရေး တပ်ဖွဲ့ဝင်များက စနိုက်ပါ ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU ၊ KNLA ၊ ၃၇၀၂ တပ်ခွဲ၄ ပူးပေါင်းအဖွဲ့က သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပူးပေါင်း အဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဝေါမြို့နယ်အတွင်းရှိ လက်ပံကျေးရွာမှ ပျူစောထီး ၁၂ ဦးသည် အုတ်တွင်းတွင် စစ်သင်တန်း တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်တွင် ပြန်လည် ရောက်ရှိလာကြောင်း၊ လက်ပံကျေးရွာတွင်လည်း ပျုစောထီး သင်တန်းတက်ရောက်ခဲ့သူ ၂၅ ဦး ရှိပြီး အုတ်ဖို ၁ ၊ အုတ်ဖို ၂ ၊ သံခွန်ရွာ တို့လည်း ပျူစောထီး သင်တန်း တက်ရောက်ထားသူ ၁၀ ဦး ရှိကြောင်း သိရှိရသည်ဟု KNU ၊ KNLA ၊ ၃၇၀၂ တပ်ခွဲ ၄ ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article