23 C
Yangon

KNU တပ်မဟာ ၅ နယ်မြေ အောက်တိုဘာလဝက် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး၊ စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာနှင့် ရပ်ကွက်များကို ဗုံးကျဲတိုက်ခိုက်

Must read

KNU တပ်မဟာ ၅ နယ်မြေ အောက်တိုဘာလဝက် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး၊ စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာနှင့် ရပ်ကွက်များကို ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် အောက်တိုဘာ လဝက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU၊ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာ ၁၅ ရက်နေ့အထိ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း ၃၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ပိုမိုများလာနေသည့်အနေအထားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးသေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ စစ်ရေးအတွေ့အကြုံရင့်ကျက်ပြီးသားဖြစ်သည့် KNU တပ်မဟာ ၅ ဘက်မှ တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၁၅ ရက်တာအတွင်း ၁၂၂ မမ၊ ၁၂၀ မမ တာဝေးပစ်အမြောက် ၁၀ လုံးတိတိဖြင့် ဖာပွန်မြို့အမှတ် ၃ ရပ်ကွက်၊ ပါဟိုက်ကျေးရွာအုပ်စု၊ မယ်ခူးကျေးရွာအုပ်စုအတွင်းသို့ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း၊ အောက်တိုဘာလ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်က လူသောမြို့နယ်အတွင်းရှိ ဘောလေးဒဲကျေးရွာအပေါ်သို့ ကလယ်စတာဗုံး (Cluster Bomb) ၂ လုံးဖြင့် လာရောက် ဗုံးကျဲခဲ့ကြောင်း၊ ပြည်သူများ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article